images
UN
UN
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် အနံ့ဆိုးများထွက်နေ အမြန်ဆုံးကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးရန် လိုလားလျက်ရှိ
လှိုင်သာယာသား Thursday, 20 December 2018
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်း ရှင်အချို့က ခွင့်ပြုချက်မဲ့/ခွင့်ပြုချက်ရှိ နှစ်ထပ် အဆောင်၊ သုံးထပ်အဆောင်၊ လေးထပ်အဆောင် များဆောက်လုပ်၍ အခန်းများဖွဲ့ကာ ငှားရန်နေကြ ရာတွင် မိလ္လာကန်များ ထားသိုမှုစနစ်၊ စားကြွင်း စားကျန်အမှိုက်များစွန့်ပစ်မှုတို့တွင် စည်းကမ်းမဲ့စွာ စွန့်ပစ်လုပ်ဆောင်မှုများကြောင့် ပတ်ဝန်းကျင်နေ မိသားစုဝင်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ် များ နေ့စဉ်နှင့်အမျှဆိုသလို အနံ့ဆိုးများကိုရှူရှိုက် နေရပြီး ကျန်းမာရေးထိခိုက်မှုများရှိနေကြသည်။
ယင်းအပြင် အမှတ်(၇)ရပ်ကွက် ၈၉၇/ခ အောင်သီတာလမ်းရှိ လူနေအဆောင်နှစ်ထပ်တွင် နေထိုင်ကြသော မိသားစုဝင်တို့က စားကြွင်းစား ကျန် အမှိုက်မျိုးစုံတို့ကို စည်းကမ်းမဲ့ စွန့်ပစ်နေကြ သည်။ ထို့ပြင် အများသုံးမိလ္လာကန်သည် ပေါက် ပြဲ၍ အနံ့ဆိုးများထွက်နေသောကြောင့် ပတ်ဝန်း ကျင်နေ မိဘပြည်သူ၊ ကလေးသူငယ်များ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်မှုမရှိစေရန် ကြို တင်ကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့က အမြန်ဆုံးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြောင်း သိရ သည်။