images
UN
UN
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးများပြီးဆုံး ကိုယ်စားလှယ်လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး မလုပ်ဆောင်ကြရန် လွှတ်တော်ဥက္ကဋ္ဌမှာကြား
တင်တင်အေး Friday, 21 December 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ဒသမပုံမှန်အစည်းအဝေးများ ယမန်နေ့က ပြီးဆုံးပြီဖြစ်ရာ မိမိ တို့ မဲဆန္ဒနယ်များသို့ ပြန်ကြရမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ကိုယ်စားလှယ်လုပ် ပိုင်ခွင့်များကို ကျော်လွန်ပြီး မလုပ် ဆောင်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မှာကြားလိုက်သည်။
နေပြည်တော်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး၁၇ရက်မြောက် နေ့အစီအစဉ်တွင် နိဂုံးချုပ် အမှာ စကားပြောကြားရာ၌ အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ''နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာ ကတော့ လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ ဥပဒေပြုရေးတာဝန်ကို တာဝန်သိသိသစ္စာရှိရှိနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ ပြည်သူ့ကြားက ပြည်သူ့ကိုယ်စား လှယ်များအဖြစ် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်ပေးကြ ပါ။ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလမ်းကြောင်းက သွေဖည်သွား စေနိုင်တဲ့ အန္တရာယ်များကိုလည်း မျက်ခြည်မပြတ် သတိပြုကာကွယ် ပေးကြပါ။ မိမိတို့ မဲဆန္ဒနယ်မြေ အလိုက် အုပ်ချုပ်ရေးနဲ့ တရားစီရင် ရေးကဏ္ဍတွေ တည့်မတ်မှန်ကန် အောင် ဆောင်ရွက်ပေးကြပါ။ ဒီလိုဆောင်ရွက်တဲ့အခါ ကိုယ်စား လှယ်လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ် ရလေအောင်လည်း သတိပြုဆောင် ရွက်ကြပါ။ ပြည်သူတွေကို ယဉ် ကျေးသိမ်မွေ့စွာဆက်ဆံပြီးယုံကြည် အားကိုး တန်ဖိုးထားရတဲ့ ကိုယ် စားလှယ်များဖြစ်အောင် အစဉ် ကြိုးစားဆောင်ရွက်ကြပါ'' ဟု ထည့်သွင်းပြောကြားခဲ့သည်။
ယခု ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ဒသမပုံမှန်အစည်း အဝေးကာလအတွင်း ရွေးကောက် ခံ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၃၄ ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးတို့ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး ကြယ်ပွင့်ပြမေး ခွန်း ၁၂၇ ခု မေးမြန်းဖြေကြား ခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၄၃၈ခု မေးမြန်းဖြေကြားခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုကိုးခု တင်သွင်း နိုင်ခဲ့ပြီး အတည်ပြုအဆိုသုံးခု၊ မှတ်တမ်းတင်အဆို သုံးခုတို့ဖြစ်ပြီး ဆွေးနွေးရန် ကျန်အဆိုသုံးခုရှိကာ ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေး ခဲ့သော ဥပဒေကြမ်း ၂၆ ခုရှိပြီး ဥပဒေကြမ်းကိုးခုကို အတည်ပြုနိုင် ခဲ့ကြောင်း သိရသည်။
ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၇ ခုရှိပြီး နည်း ဥပဒေတစ်ခု အတည်ပြုနိုင်ခဲ့ကာ ကော်မတီ ၁၂ ခု၏ အစီရင်ခံစာ များကို အတည်ပြုခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ဒသမပုံမှန်အစည်းအဝေး များကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်မှစတင်ကျင်းပခဲ့ပြီး ယမန် နေ့အထိ အစည်းအဝေးအကြိမ် ပေါင်း ၁၇ ကြိမ် ကျင်းပခဲ့ပြီးဖြစ် သည်။