images
UN
UN
ကျောက်မဲမြစိမ်းရောင်စီမံကိန်းကျေးရွာ စီမံကိန်းလည်ပတ်မှုအခြေအနေ ကွင်းဆင်းစစ်ဆေး
ဇော်ထက်(သရက်) Friday, 21 December 2018
မကွေးတိုင်းဒေသကြီး သရက် မြို့နယ် ကျောက်မဲမြစိမ်းရောင် စီမံ ကိန်းကျေးရွာ စီမံကိန်းလည်ပတ် နေမှုအခြေအနေကို ယခုလ ၁၉ ရက်နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီး မှူး ဦးအောင်ကြီး၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောက်မဲမြစိမ်းရောင်စီမံကိန်း ကျေးရွာမှ စီမံကိန်းလည်ပတ်မှု အခြေအနေကို ကြည့်ရှုရာတွင် ငွေ စာရင်းဇယားများ ဖြည့်သွင်းထား ရှိမှုအပေါ် စစ်ဆေးပေးခဲ့ပြီး မြစိမ်း ရောင်ကော်မတီဝင်များနှင့်တွေ့ဆုံ ကာ စီမံကိန်းဆောင်ရွက်ထားရှိမှု အပေါ် သုံးသပ်ပေးခဲ့သည်။
ထို့နောက် ကုမ္ပဏီကျေးရွာသို့ သွားရောက်၍ ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာနှစ်တွငှ်သူမေ ြၽေင်န ွပ် ကုမၸဏီကဗီADBရန်ပုံငွေဖြင့် ဆောင် ရွက်ပြီးစီးခဲ့သည့ှ်သူမေ ငြညငွမငိ လုပ်ငန်းကို ကွင်းဆင်းကြည့်ရှုပြီး ကျေးရွာမီးလင်းရေး ကော်မတီ၏ တင်ပြချက်အပေါ်ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။