images
UN
UN
အထည်ချုပ်လုပ်သားများကျွမ်းကျင်လက်မှတ်ရရှိစေရန် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများဆောင်ရွက်
Sunday, 23 December 2018
မြန်မာနိုင်ငံအတွင်းရှိ အထည် ချုပ်လုပ်သားများ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် ရရှိစေရန် အတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု''စံ''သံမှတ်ပြဋ္ဌာန်းရေး အဖွဲ့(NSSA)အနေဖြင့်စစ်ဆေးအကဲ ဖြတ်ရေးလုပ်ငန်းများကိုဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အထည်ချုပ်အလုပ်အကိုင်ဆိုင် ရာ အမျိုးသားအဆင့် ကျွမ်းကျင် လုပ်သားများ ပေါ်ပေါက်စေရေး အတွက် စစ်ဆေးအကဲဖြတ်ရေးဌာန များ ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တောင်ဒဂုံမြို့ နယ် စက်မှုဇုန်လမ်းမကြီးရှိ တောင် ဒဂုံစက်မှုဇုန်(၁) စီမံခန့်ခွဲရေးကော် မတီရုံး၌ယမန်နေ့ နံနက် ၉နာရီခွဲမှ ၁၁ နာရီခွဲအထိကို ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံလုပ် သားများကျွမ်းကျင်မှု''စံ''သံမှတ် ပြဋ္ဌာန်းရေးအဖွဲ့နှင့် အထည်ချုပ် လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ပြီး ထိုသို့ဆွေးနွေးရခြင်း မှာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်း ကျင်မှု''စံ''သံမှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အနေဖြင့် စစ်ဆေးအကဲ ဖြတ်ရေး ဆောင်ရွက်နေသည်။လုပ် ငန်းစဉ်တွင်အထည်ချုပ်ကျွမ်းကျင် လုပ်သားများအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ရရှိစေရန် အထည်ချုပ်ကျွမ်းကျင်သင်တန်းကို လွယ်ကူစွာ ဝင်ရောက်ဖြေဆိုနိုင် ရန်အတွက်ဖြစ်ကြောင်း၊ အာဆီယံ ဒေသအတွင်းကျွမ်းကျင်မှု အပြန် အလှန်အသိအမှတ်ပြုနိုင်ရေးနှင့် မြန်မာလုပ်သားထု၏ကျွမ်းကျင်မှု စွမ်းရည်နှင့်စွမ်းဆောင်ရည်တိုးမြှင့် ရေးတို့အတွက် တိုင်းဒေသကြီး၊ တောင်ဒဂုံ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံများတွင်Garment Sewing Machine Operator အလုပ်အကိုင် အတွက် စစ်ဆေးအကဲဖြတ်ရေး ဆောင်ရွက်နိုင်ရန် စစ်ဆေးအကဲ ဖြတ်ရေးဌာန(Assessment Center) များ ထူထောင်နိုင်ရေးတို့ အတွက် ဆွေးနွေးပွဲကိုကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုပ်သား များ ကျွမ်းကျင်မှု ''စံ''သံမှတ် ပြဋ္ဌာန်းရေးအဖွဲ့၊ တွဲဖက်အတွင်း ရေးမှူး၊ ညွှန်ကြားရေးမှူးဦးကျော် ကျော်လွင်က ပြောသည်။