images
UN
UN
ရွှေပြည်သာမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင် နိုင်ငံရေးစကားဝိုင်းပြုလုပ်
Sunday, 23 December 2018
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ်အသစ် ပြန် လည်တင်ခြင်းနှင့် နိုင်ငံရေးစကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ပါတီဥက္ကဋ္ဌဦးနိုင်ဦး၏ နေအိမ်တွင်ပြု လုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌဦးနိုင်ဦးနှင့် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များတက်ရောက်ခဲ့သည်။ ဆိုင်းဘုတ်အား တာဝန်ရှိသူများမှအမွှေးနံ့သာများ ပက်ဖျန်းကာဖွင့် လှစ်ခဲ့ပြီး တက်ရောက်လာသူများနှင့် ယနေ့ဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေများကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာ စကားပြောကြားခြင်း၊ မြို့နယ်ကော်မတီဝင် ဒေါ်ချမ်းမြအေးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးနိုင်ဦး ကလည်း ပါတီအနိုင်ရအောင်မြင်ရေး မိမိဘက်ကကြိုးစားပေးသွား မည်ဖြစ်ကြောင်းပြောကြားရင်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ရွှေပြည်သာမြို့နယ်ပါတီအနေဖြင့် ဟောင်းနွမ်းနေသော ပါတီ ဆိုင်းဘုတ်များအား ကောင်းမွန်ရေးအတွက် အသစ်ပြန်လည်တင်ခြင်း များပြုလုပ်လျက်ရှိရာ ရပ်ကွက် ၁၈ ရပ်ကွက် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။