images
UN
UN
ပြည်သူချစ်သောတပ်မတော်အားထောက်ခံပွဲကျင်းပ ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကိုဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်
Sunday, 23 December 2018
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် ယနေ့ နံနက် ၈ နာရီကတပ်မတော်ကိုထောက်ခံပွဲနှင့်ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို အမှတ်(၁ဝ)ရပ်ကွက် ဗောဓိကျောင်းရှေ့မှစတင်ကျင်းပသည်။အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား ဧရာ ဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒုတိယဗိုလ်မှူး ကြီး နေဝင်း(ငြိမ်း)က ကြီးကြပ်ကွပ်ကဲ၍ မအူပင်ခရိုင်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးမျိုးအောင်(ငြိမ်း)ဦးဆောင်မှုဖြင့် မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် နှင့် မော်လမြိုင်ကျွန်းမြို့နယ်များမှ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်ကို ချစ်မြတ်နိုးသည့် ပြည်သူများက မြန်မာ့ တပ်မတော်ကိုအပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်း ပြည်အေးချမ်းမည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လွတ်လပ်ရေးကျောက်တိုင် ကွင်းရှေ့ထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ကြီးကို ဥပဒေနှင့်အညီစနစ်တကျဖွဲ့စည်း ထားပြီး အဖွဲ့ဝင်များသည် မည်သည့်နိုင်ငံ ရေးပါတီဝင်မဖြစ်ရကြောင်း၊ပါတီနိုင်ငံရေး ကင်းရှင်းပြီးအမျိုးသားရေးကိုသာဆောင် ရွက်နေတဲ့အဖွဲ့ဖြစ်ကြောင်း၊ တပ်မတော် သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးကလည်း တပ်မ တော်အရန်အင်အားပီပီ တပ်မတော်ကို ထောက်ခံဆန္ဒဖော်ထုတ်နေခြင်းဖြစ်ကြောင်း စစ်မှုထမ်းဟောင်း အဖွဲ့တာဝန်ရှိသူတစ်ဦး ၏ပြောကြားချက်အရ သိရသည်။