images
UN
UN
ပြစ်မှုထင်ရှားသူများကို အရေးယူဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူးအဆင့်ဆင့်သို့တာဝန်မပေးရန် သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆို
မေနဒီမြနွယ် Sunday, 23 December 2018
ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် အတွင်းနေထိုင်သူ ပြည်သူများက ရပ်ကွက်အတွင်း အဂတိလိုက်စား မှုဖြင့် ကျော်စောသတင်းဖြစ်ပေါ် သူ၊ ပြစ်မှုထင်ရှားပါလျက် အရေး ယူခြင်းမခံရသူ၊တာဝန်ယူမှုတာဝန် ခံမှုမရှိသူများကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့မှ ထိရောက်စွာအရေးယူပေး ပါရန်နှင့် ထိုကဲ့သို့အရေးယူဆောင်ရွက်ရာ တွင် အထွေထွေအုပ်ချုပ်ရေးမှူး အဆင့် ဆင့်သို့တာဝန်ပေးအပ်ခြင်း မပြုရန်အတွက် ယနေ့မွန်းလွဲ ၃ နာရီခန့်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင်သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်၍ တောင်းဆိုခဲ့ကြ သည်။
အဆိုပါပွဲပြုလုပ်ရသည့်ရည်ရွယ်ချက် နှင့်ပတ်သက်၍ ဦးဆောင်ကျင်းပသူ ဦးသု ဝဏ္ဏကျော်စိန်က ''ရပ်ကွက်အုပ်ချုပ်ရေး မှူးရဲ့မြေနေရာတွေအပါအဝင် မလျော်ကန် တဲ့လုပ်ရပ်တွေအတွက် အဂတိလိုက်စားမှု ကော်မရှင်ကိုလည်းတိုင်တယ်။ ရန်ကုန် တိုင်းဝန်ကြီးချုပ်ကိုတိုင်တဲ့အခါမှာဘယ်လို အကြောင်းပြန်လဲဆိုတော့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတယ်။ ထိရောက်တဲ့ အရေးယူမှုမရှိဘူး။ ကျွန်တော်တို့အခုလို တိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်စတေး ပြီး အမုန်းခံအခြိမ်းခြောက်ခံပြီးတိုင်ရတာ ပါ။ ဒါကိုအပြစ်ရှိတာမှန်ရဲ့သားနဲ့ အခု လိုသတိပေးလက်မှတ်ထိုးခိုင်းတာလောက် နဲ့မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တိုင် ကြားသူ ရပ်ကွက်နေ ပြည်သူတစ်ဦးက ''လက်ပူးလက်ကြပ်မိနေတာကို အရေး မယူဘူးလားမေးတော့ အရေးယူမှာပေါ့လို့ ပြောတယ်။ ဥပဒေဆိုတာစာအုပ်နဲ့ ပါးစပ် ထဲမှာပဲရှိတော့တယ်။ တချို့လွှတ်တော် အမတ်တွေဆိုရင် ထွေအုပ်ရဲ့ခါးပိုက်ထဲ ရောက်နေပြီ။ကျွန်တော်တို့မြောက်ဥက္ကလာ မှာ အဲ့သလိုအနေအထားတွေဖြစ်နေတယ်။ ကျွန်တော်တို့ မင်စွန်းခံပြီး မဲပေးခဲ့တာတွေ အတွက် ဘာထူးခြားမှုမှဖြစ်မလာဘူး''ဟု ပြောသည်။
ထို့ပြင် အဆိုပါအုပ်ချုပ်ရေးမှူး၏ မမှန်ကန်သည့်လုပ်ရပ်များကို တာဝန်ရှိသူ များထံ သုံးကြိမ်အထိတိုင်ကြားခဲ့သော် လည်း ထိရောက်သည့်အရေးယူမှုမရှိသည့် အတွက် ယခုကဲ့သို့သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်သကဲ့သို့ ထူးခြားမှုမရှိပါက နိုင်ငံတော်သမ္မတအထိဆက်လက်တိုင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။