images
UN
UN
အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဆန်တစ်ပြည် ငွေကျပ် ၈ဝဝ နှုန်းဖြင့် သင်္ဃန်းကျွန်းတွင်ရောင်းချပေး
ထက်မြက်အောင် Sunday, 23 December 2018
သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက် ပန်းရိုက် လမ်းတွင် ယနေ့နံနက် ၉ နာရီကစတင်၍ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီမှ ဥက္ကဋ္ဌဦးသိန်းညွန့် ဦးဆောင် ကာ ဆန်တစ်ပြည် ငွေကျပ် ၈ဝဝ နှုန်းဖြင့် လိုအပ်သူ ပြည်သူများအား ရောင်းချပေးခဲ့သည်။
င/ကရပ်ကွက် ပန်းရိုက်လမ်းတွင် လျှော့ဈေး ဖြင့် ဆန်တစ်ပြည် ငွေကျပ် ၈ဝဝ နှင့် ရောင်းပေးခဲ့ရာ မိနစ်ပိုင်းအတွင်း ဆန်ခုနစ်အိတ်ရောင်းခဲ့ရပြီး စံချိန်သစ် ရပ်ကွက်တွင် ထပ်မံရောင်းချပေးခဲ့ရကြောင်း သိရ သည်။
''ဘာဖြစ်လို့ ဒါလုပ်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က ဆင်းရဲနေတယ်။ ဆင်းရဲနေတဲ့တိုင်းပြည် မှာ ကိုယ်က ဆင်းရဲမှုကို မခံစားရဖူးတော့၊ ကိုယ်က ချမ်းသာနေတဲ့အခါကျတော့ တိုင်းပြည်ဆင်းရဲပေမယ့် ကိုယ်နေလို့ ပျော်တယ်ဆိုတာ ပျော်မှာပေါ့။ ကိုယ်က ထမင်းမှမငတ်ဘဲ၊ အစားအသောက်မှ မချို့ယွင်းဘဲ၊ အာဟာရမှ မပြတ်ဘဲ အများသူငါကတော့ ဒီနေ့ ဆန် တစ်ပြည် ၈ဝဝ နဲ့ရတယ်ဆိုရင် ဝမ်းသာနေကြတာပဲ'' ဟု ဦးသိန်းညွန့်က ပြောကြားသည်။
ဆန်တစ်ပြည်ကို ငွေကျပ် ၈ဝဝ ဖြင့် ရောင်းချနိုင် ရန်အတွက် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ က ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့် အတွက် ယခုလို ပြည်သူများလက်ထဲသို့ လျှော့ဈေးဖြင့် ရောင်းချပေးနိုင် သဖြင့် ကုမ္ပဏီကို ကျေးဇူးတင် ကြောင်း ဦးသိန်းညွန့်ကပြောသည်။
''ကျွန်တော်လုပ်တဲ့ ရည်ရွယ် ချက်ကတော့ ဆင်းရဲတဲ့လူတွေ၊ လိုအပ်တဲ့လူတွေ၊ ချို့တဲ့တဲ့လူတွေ ကို ကိုယ်ချင်းစာတရားထားပြီး တော့ ပါးစပ်ပြောနဲ့ သစ္စာတွေ မေတ္တာတွေ အော်မနေဘဲနဲ့ လက် တွေ့ လူထုကို ရလဒ်ထွက်နိုင်တဲ့ ကူညီနိုင်တဲ့လုပ်ငန်းများ လုပ်ကြပါ လို့ပြောချင်တဲ့အတွက် ကျွန်တော် ဒီဟာကို ဆောင်ရွက်ခြင်းဖြစ်ပါ တယ်''ဟု ဦးသိန်းညွန့်က ပြော သည်။
လိုအပ်သူများအတွက် လွှတ် တော်ကိုယ်စားလှယ်ဟောင်းဦးသိန်း ညွန့်က လျှော့ဈေးဖြင့် ဆန်ရောင်း ချမှုကို ယခုလ ၉ ရက်က သင်္ဃန်း ကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်တွင် လည်း ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း လျှော့ဈေးဖြင့် လိုအပ်သူများထံသို့ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။