images
UN
UN
ထိုင်းနိုင်ငံ ကြံစိုက်ခင်းအတွင်း ပျောက်ဆုံးနေသည့် မြန်မာကလေးငယ် ခုနစ်ရက်ကြာသည်အထိ ရှာမတွေ့သေး
သက်ပိုင် Sunday, 23 December 2018
မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုမှ အသက် နှစ်နှစ်တစ်လ ကလေးငယ်တစ်ဦး ကြံစိုက်ခင်းအတွင်း ပျောက်ဆုံးမှုမှာ ခုနစ်ရက် ကြာခဲ့သော်လည်း ယနေ့အချိန်အထိ မတွေ့ရှိဘဲ ထိုင်းနိုင်ငံ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များက အင်အား ၃ဝဝ ကျော်ဖြင့် ဆက်လက်ရှာဖွေနေ ကြောင်း သိရသည်။ပျောက်ဆုံးသွားသော ကလေး ငယ်၏အမည်မှာ မောင်စိုးလွင်ဖြိုး အသက် နှစ်နှစ်တစ်လ ဖြစ်သည်။ ဖခင်မှာဦးဖြူဖြစ်ကာ မိခင်မှာ မမူ ဖြစ်ပြီး ၄င်းတို့မှာ ကြံစိုက်ခင်း တွင် ကြံခုတ်အလုပ်သမားများ အဖြစ် လာရောက်လုပ်ကိုင်လျက် ရှိရာ ယခုလ ၁၇ ရက်က ၄င်း တို့၏ကလေးနှင့်အတူ အသက် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး တို့ ကြံခင်းထဲတွင် ကစားနေရင်း ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
''ပျောက်ဆုံးသွားတဲ့ ကလေး က မောင်စိုးလွင်ဖြိုး ဖြစ်ပါတယ်။ အသက်က နှစ်နှစ်နဲ့တစ်လပါ။ သူ တို့ရဲ့မိဘတွေက ဒီဘက်နိုင်ငံမှာ အလုပ်လာလုပ်တာ ဘာအထောက် အထားမှ မရှိပါဘူး။ ရွှေ့ပြောင်း အလုပ်သမားအနေနဲ့ လာရောက် လုပ်ကိုင်နေတာပါ။ ကလေး ပျောက်သွားတဲ့နေ့ကတော့ အဲဒီက အလုပ်သမားတွေနဲ့အတူ တစ်နေ ကုန် ရှာကြတယ်။ မတွေ့ခဲ့ဘူး။ နောက်တစ်နေ့မှာတော့ သက်ဆိုင် ရာ အဖွဲ့အစည်းတွေကို အကူအညီ တောင်းခဲ့တာပါ။ ယခု လက်ရှိ အချိန်အထိ သက်ဆိုင်ရာ အဖွဲ့ အစည်းအင်အား ၃ဝဝကျော်နဲ့ မြေ ပြင်မှာ ရှာဖွေနေပြီး ရဟတ်ယာဉ် နဲ့လည်း ကောင်းကင်ပေါ်ကနေ ရှာ ဖွေမှုတွေလုပ်ပေးနေပါတယ်''ဟု အဆိုပါ ရှာဖွေရေးတွင် သွား ရောက် ကူညီဆောင်ရွက်ပေးနေ သော မြန်မာအလုပ်သမားတစ်ဦး က ပြောသည်။
ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် အူထောင်မြို့နယ် စရဖန်လန်ကျေး ရွာအုပ်စု နယ်မြေ(၉)ရှိ ကြံစိုက် ခင်းမှာ ဧကတစ်ထောင်ကျော် ကျယ်ဝန်းသည့် ကြံစိုက်ခင်းဖြစ်ပြီး ယင်းခြံထဲတွင် ကလေးပျောက်ဆုံး ခဲ့ကြောင်း၊ခြံပိုင်ရှင်မှလည်း လိုအပ် ပါက မိမိ၏ကြံပင်များကိုခုတ်ထွင် ရှင်းလင်းနိုင်ကြောင်း ပြောထား သလို ကလေး၏မိဘများကလည်း မိမိတို့၏ကလေးမှာ လက်ရှိအချိန် အထိ အသက်ရှင်နေသည့်အတွက် နေ့စဉ် သား၏နာမည်ကို အော် ခေါ်ပြီး ရှာဖွေရေးအဖွဲ့များနှင့် လိုက်လံရှာဖွေနေကြောင်း လူမှု ကွန်ရက်စာမျက်နှာများတွင်ရေးသား ဖော်ပြထားကြောင်း သိရသည်။