images
UN
UN
အဖြစ်များတဲ့ ဆောင်းရာသီရောဂါများ
ပေါက်ပေါက် Thursday, 27 December 2018
မြန်မာနိုင်ငံ၏ဆောင်းရာသီတွင် အောက်ဖော်ပြပါရောဂါများအဖြစ်များ လေ့ရှိတတ်၍ ဆောင်ရန်ရှောင်ရန်အချက် လေးများကိုရေးသားဖော်ပြလိုက်ရပါသည်။
(၁) ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ခြင်းကို တိုတောင်း လျင်မြန်စွာအသက်ရှူခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ဓာတ်မတည့်သောရောဂါတစ်မျိုး ဖြစ်ပြီး၊ ခန္ဓာကိုယ်၏တုံ့ပြန်မှုက အသက် ရှူလမ်းကြောင်းမှာ ပြဿနာအကြီးကြီး ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်သော အရာများကို ထိမိ၊ ကိုင်မိ၊ စားမိခြင်းတို့ ကြောင့် ပန်းနာရင်ကျပ်ရောဂါ ပြင်းထန် လာတတ်ပါတယ်။ ဒါကြောင့် ဓာတ် မတည့်သော အရာများကို အထူးရှောင် ကြဉ်ပါ။ အေးမြသည့်လေကို ရှူရှိုက် ရသည့်အခါ ရောဂါ ပိုထစေနိုင်သဖြင့် နှာခေါင်းနှင့်ပါးစပ်တို့ကိုခေါင်းစည်းပဝါ နှင့်စည်းနှောင်ပတ်ထားပါ။ ကျန်းမာရေး ဝန်ထမ်းများမှ ညွှန်ကြားသည့်အတိုင်း ဆေးကို ပုံမှန်သောက်ပါ။
ပန်းနာရင်ကျပ်ရောဂါအတွက် ကုထုံးများ
- အစာအိမ်မှ အက်စစ်များ အပေါ် ဆန်တက်လာခြင်းက ရင်ပူနာဖြစ်ကာ၊ ပန်းနာ ရင်ကျပ်ထခြင်းကို အစပျိုးပေး နိုင်သဖြင့် ထမင်းစားပြီးနောက် ချက် ချင်း လှဲ၍မအိပ်ပါနှင့်။
- ပန်းနာရောဂါထနေချိန်မှာ မုန်ညင်း ဆီကို ပရုတ်ဆီနှင့်ရော၍ ကျောနှင့် ရင်ဘတ်အနှံ့ စိမ့်ဝင်သွားအောင် ပွတ် နယ် လိမ်းပေးပါ။
- ပျားရည်က ချွဲများကို ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေနိုင် သဖြင့် ပျားရည်ရနံ့ကို ရှူရှိုက်ပေးပါ။
- ရေနွေးပူပူ တစ်ခွက်ထဲမှာ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ရောဖျော် ၍ တစ်နေ့ သုံးကြိမ်သောက်ပါ။
- ကြက်သွန်ဖြူ ၁ဝ မြွှာကို နွားနို့ ၃ဝ မီလီလီတာဖြင့် ပြုတ်၍ တစ်နေ့ တစ်ကြိမ်သောက်ပါ (သို့မဟုတ်) ရေနွေး ဆူဆူမှာ ကြက်သွန်ဖြူလေးမြွှာခတ်၍ အချိန် ငါးမိနစ်ခန့် အအေးခံပါ။ နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ်သောက် ပေးခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ သိသိသာသာလျော့ကျစေပါတယ်။

(၂) အဆုတ်ပွရောဂါ
နာတာရှည် လြေ>ွပန်ကျဉ်းအဆုတ်ပွ ရောဂါလို့လည်း ခေါ်ပါတယ်။ ဆေးလိပ် သောက်ခြင်း၊ ဆေးလိပ်ငွေ့ကို ရှူရှိုက် မိခြင်းနှင့် ညစ်ညမ်းသောလေကို ရှူမိ ခြင်းတို့ကြောင့် ရောဂါဖြစ်လာရပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။ ဖုန်၊ မီးခိုး ငွေ့စသည်တို့ကို ရှောင်ပါ။ ကျန်းမာရေး ဝန်ထမ်းများမှ ညွှန်ကြားသည့်အတိုင်း ဆေးကို ပုံမှန်သောက်ပါ။
အဆုတ်ပွရောဂါအတွက် ကုထုံးများ
- ရေများများသောက်ပါ။
- ငှက်ပျောဖူးဟာ ချွဲသလိပ်ပျော်ကျ စေပြီး အသက်ရှူလမ်းကြောင်း ပွင့် စေပါတယ်။
- ပူပူစပ်စပ် စားပါ။ ငရုတ်သီး၊ ငရုတ် ကောင်းတို့၏ သဘာဝအပူဓာတ်က သွေးလည်ပတ်စီးဆင်းမှုကို အား ကောင်းစေပြီးရောဂါပိုးများဝင်ရောက် ခြင်းကို တိုက်ထုတ်ပေးပါတယ်။
- တရုတ်နံနံပင်၊ ဟင်းနုနယ်ရွက်၊ မုန်လာ ဥနီ၊ ရွှေဖရုံသီး၊ ပန်းငရုတ်ပွသီး(ခေါ်) ငရုတ်ချို၊ ဘယ်ရီသီး အမျိုးမျိုး၊ လိမ္မော်၊ နာနတ်၊ ဂရိတ်ဖရုသီး၊ အစိမ်းရောင် ပဲသီးအမျိုးမျိုး၊ ပဲစေ့ များ၊ အခွံမာသီး၊ ဂေါ်ဖီထုပ်၊ ပန်း ဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီစိမ်း(ခေါ်) ဘရိုကိုလီ၊ ကိုက်လန်၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီများက အဆုတ် ကို အားကောင်းစေပါတယ်။
(၃) ဝမ်းပျက်ဝမ်းလျှောရောဂါ
လူအများစုက ဝမ်းပျက်ဝမ်းလျှော ရောဂါကို နွေနှင့် မိုးဥတုများတွင် ဖြစ် တတ်ပြီး ဆောင်းဥတုတွင် မဖြစ်တတ်ဟု ထင်မှတ်နေကြပါတယ်။ သို့သော် ဝမ်း ပျက် ဝမ်းလျှောရောဂါဟာ ကူးစက် ရောဂါ တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံ၏ ရာသီဥတု အားလုံးတွင် ဖြစ်ပွားလေ့ရှိပါ တယ်။ မသန့်ရှင်းသောရေ သောက်သုံး ခြင်း၊ ယင်နားစာများ စားသုံးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်တတ်ပါတယ်။ ဆောင်းဥတု ဖြစ် သော်လည်း တစ်နေ့နှစ်ကြိမ် ပုံမှန်ရေချိုး ပါ။ လက်သည်းညှပ်ပါ။
အစာမစားမီနှင့် အိမ်သာအထွက်တွင် လက်ကိုဆပ်ပြာဖြင့် ဆေးကြောပါ။ မိမိအိမ်နှင့် ပတ်ဝန်းကျင် တွင် ပုရွက်ဆိတ်၊ ယင်ကောင်၊ြ<ွကက် စသည်တို့ မခိုအောင်းစေရန် အမှိုက် သရိုက်များကို ရှင်းလင်းထားပါ။
ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် ကုထုံးများ
- ရေကို (ဖြစ်နိုင်ပါက) ကျိုချက်၍ သောက်ပါ။
- အစားအစာများကို ပူပူနွေးနွေးစားသုံး ပါ။
- ယင်မနားအောင် ဖုံးအုပ်ထားပါ။ ယင် နားစာများကို ရှောင်ကြဉ်ပါ။
- ဒိန်ချဉ်ထဲတွင် ပါရှိသော လက်တစ် အက်ဆစ်က အစာအိမ်နှင့် အူလမ်း ကြောင်းထဲရှိ ဝမ်းသွားစေသော ဗက် တီးရီးယားပိုးများကို သေစေနိုင်ပါ တယ်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်း လျက်ရည် မရောဘဲ သူ့ချည်းစားပါ။)
- လိမ္မော်သီးအခွံက ဝမ်းပျက်ဝမ်းလျှော ခြင်းအတွက် ကောင်းကျိုးပြုနိုင်၍ လိမ္မော်ခွံကို ပြုတ်၍သော် လည်း ကောင်း၊ ရေနွေးဆူဆူ ခတ်၍သော် လည်းကောင်း အအေးခံ၍သောက်ပါ။
- မြေအိုးတစ်လုံးထဲမှာ ကန်စွန်းရိုးနီ ၁ဝ ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင်ထန်းလျက် ၁၅ကျပ်သား ခန့်ထည့်ကာ ကန်စွန်းပင်တွေ ရေမြုပ် သည်အထိ ရေဖြည့်၍ ကန်စွန်းညွန့် များ နူးအိလာအောင် ပြုတ်ပေးပါ။ ၄င်းပြုတ်ရည်နွေးနွေးအား ရေဆာ တိုင်း သောက်ပါ။ တစ်ကြိမ်သောက် လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ် လုံးစာလောက် သောက်ပေးရပါမယ်။ ဤနည်းအတိုင်း ငါးကြိမ် ခြောက်ကြိမ် ခန့် သောက်ပြီးပါက သူ့အလိုလို ဝမ်း ရပ်သွားပါလိမ့်မယ်။
(၄) ရာသီတုပ်ကွေးရောဂါ
ဆေးသိပ္ပံနည်းအရ Flu ဟု ခေါ်ပါ တယ်။ ရောဂါရှိသူမှ နှာချေ၊ ချောင်း ဆိုးခြင်းဖြင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် တခြားသူများသို့ ကူးစက် တတ်ပါတယ်။ တစ်ပါးသူမှ နှာချေ၊ ချောင်းဆိုးလျှင် မိမိ၏ မျက်နှာကို တစ်ဖက်သို့လွှဲ၍ အသက်ရှူထုတ်ပါ။ မိမိက နှာချေ၊ ချောင်းဆိုးလျှင်လည်း နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်အုပ်ပါ။ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးပါ။ တုပ်ကွေးရာသီတွင် လူထူထပ်သော နေရာများနှင့် ပွဲလမ်းသဘင်များသို့ သွားလာခြင်းကိုရှောင်ကြဉ်ပါ။
ရာသီတုပ်ကွေးရောဂါအတွက် ကုထုံးများ
- ကြက်သားနှင့် ကြက်ရိုးစွပ်ပြုတ် ရည်ဟာ ကိုယ်ခံအား ကောင်းစေရုံ သာမက တုပ်ကွေးကြောင့် အအေးမိ၊ နှာစေး ချောင်းဆိုးနှင့် ဖျားနာခြင်း အမျိုးမျိုးတို့အတွက် အကောင်းဆုံး အိမ်တွင်းသမားတော်ဖြစ်ပါတယ်။
- ကြက်သွန်ဖြူထဲတွင်antiviral (ခေါ်) အအေးမိခြင်းကိုဖြစ်စေသော ဗိုင်းရပ်စ် ပိုးများကို တားဆီးကာကွယ်နိုင် သည့် ဂုဏ်သတ္တိနှင့်antibacterial (ခေါ်) ဗက်တီးရီးယား ပိုးမွှားများ အန္တရာယ်မှ ကာကွယ်နိုင်သော သဘာဝစွမ်းအင်တွေပါ ရှိနေကြပါ တယ်။ ဒါကြောင့် ထမင်းစားတိုင်း ကြက်သွန်ဖြူကို အနည်းဆုံး တစ်မြွှာ ထည့်စားပေးသင့်ပါတယ်။
- ဒိန်ချဉ်ထဲရှိ probiotics (ခေါ်) ခန္ဓာ ကိုယ် အကျိုးပြု ဗက်တီးရီးယား များကကိုယ်ခံစွမ်းအားကိုတိုးတက် မြင့်မားလာစေပါတယ်။
- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင် သော ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်း(ဘရိုကိုလီ)၊ ဖရဲသီး၊ ဂရိတ်ဖရု သီး စားလျှင် သင့်တော်ပါကြောင်း ရေးသားလိုက်ရပါတယ်။