images
UN
UN
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအသတ်ခံရမှု ပါဝင်သူနှစ်ဦးကို ထောင်ဒဏ်နှစ်၂ဝချမှတ်
ထက်မြက်အောင် Thursday, 27 December 2018
သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုမှ အောင်ကိုကိုပါသုံးဦးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံအောင်ကိုကိုအား ရာဇသတ် ကြီးဥပဒေပုဒ်မ၃ဝ၂(၂)အရထောင်ဒဏ်နှစ်၂ဝ၊ ပြည်သူနိုင်အား ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂(၂)/ ၁၁၄အရ ထောင်ဒဏ်နှစ်၂ဝ ကျခံ စေရန်နှင့် အောင်ကိုကို၏ဇနီးဖြစ်သူ အယ်နီ(ခ)ရိုစီအား ရာဇသတ် ကြီးဥပဒေပုဒ်မ ၂ဝ၂အရ အလုပ်နှင့်ထောင်ဒဏ်ခြောက်လကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ကိုဝေယံဟိန်း အသတ်ခံရသည့် အမှုတွင် တရားလိုပြသက်သေ ၁၈ ဦးစစ်ဆေးခဲ့ပြီး တရားခံပြ သက်သေခုနစ်ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
၂ဝ၁၇ ခုနှစ် ဧပြီ ၁၆ ရက်က ဝေယံဟိန်းသည် ပုဇွန်တောင်မြို့ နယ်ရှိ သံမဏိနှင်းဆီဂျာနယ်ရုံးခန်းအတွင်း၌ ဓားဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။