images
UN
UN
ကော့သောင်းနယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်သည့် မြန်မာအလုပ်သမား ယနေ့အထိ ငါးရာကျော်ရှိ
Thursday, 27 December 2018
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသများတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားအမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး၊ ပေါင်း ၁၅၄ ဦးသည် ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြရာ ယနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်အား ဖြတ်သန်းကာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၅၅၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ယနေ့ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမား ၁၅၄ ဦးမှာ ထိုင်းနိုင်ငံ အတွင်း သွားရောက်အလုပ်လုပ်ကိုင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ ဥပဒေအရအရေးယူခံရပြီး ပြန်လည်လွှဲ ပြောင်းပေးအပ်သည့် မြန်မာအလုပ်သမား များဖြစ်ကာ ထိုင်းမြန်မာ၊ မြို့နယ်အဆင့် နယ်ခြားကော်မတီ၏ကူညီမှုဖြင့် မြန်မာ နိုင်ငံ၊ ကော့သောင်းမြို့ ဒေသအာဏာပိုင် များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။
နေရပ်ပြန်လာသည့် မြန်မာအလုပ် သမားများအား ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက ကြိုဆို လက်ခံကူညီကြပြီး ပြည်သူ့ကျန်းမာရေး ဌာနမှ လိုအပ်သည့်ကျန်းမာရေးပြုစုစောင့် ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက် လွှဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများမှာ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား များဖြစ်ပြီး ၄င်းတို့ထံမှ ငွေကြေးတစ်စုံ တစ်ရာကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး များ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေး များ၊ ငွေစက္ကူအတုများအား စိစစ်ရှာဖွေ ခြင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးပြီး ၄င်းတို့နေရပ်အသီး သီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။