images
UN
UN
တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ အိတ်ထိုးပန်းထိုးသင်တန်းဆင်းပွဲကျင်းပ
Thursday, 27 December 2018
ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် တွံတေးမြို့နယ် စက် ကလေးကျေးရွာ ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂစာရအား အမှူး ထား၍ ပြည်ခိုင်ဖြိုးပါတီ အမျိုး သမီးရေးရာအဖွဲ့၏ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စက်ကလေး ကျေးရွာ၌ အိတ်ထိုးပန်းထိုး သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြသည်။အဆိုပါသင်တန်းသို့ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ခရိုင်ကော်မတီဝင်သင်တန်းနည်းပြဒေါ်လဲ့လဲ့အောင်၊ တွံတေးမြို့နယ်ပါတီအတွင်းရေးမှူး ဦးတင်ဝင်းထွန်း၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ညွန့်ညွန့်သိန်း၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာတာဝန်ခံများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းကို သုံးရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၁၅ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။