images
UN
UN
မအူပင်ကမ်းသာယာကမ်းခြေရှိ ဖူဆယ်ဘောလုံးကစားကွင်း အသုံးပြုခွင့်ရရေး ဒေသခံများဆန္ဒဖော်ထုတ်
ဖြိုးမောင်ဇော်(မအူပင်) Thursday, 27 December 2018
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု ကမ်းသာယာကမ်းခြေရှိ ဖူဆယ်ဘောလုံးကစားကွင်းအသုံးပြုခွင့်ရရှိရေး ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲမှစတင်လျက် ကျွဲဒုံးကျေးရွာမှ ဦးမောင်မောင်ကြည်ဦးဆောင်သော ကျေးရွာသူကျေးရွာသား အင်အား ၁ဝဝဝ ခန့် ပါဝင်ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရာ၌ ကျွဲဒုံး ကမ်းသာယာကျေးရွာပိုင် ဖူဆယ် ဘောလုံးကွင်း ခွင့်ပြုပေးရေး (ဒို့ အရေး)၊ ဒေသတွင်းမျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းရေး (ဒို့အရေး)၊ ပြည်သူ့ဆန္ဒလိုက် လျောပေးနိုင်ရေး (ဒို့အရေး)စသည့် ကြေွးကြော်သံများ ကြေွးကြော် ခြင်း၊ ကြေွးကြော်သံဆိုင်းဘုတ် များ ကိုင်ဆောင်ခြင်းများပြုလုပ် လျက် အမှတ်(၈)ရပ်ကွက် မြို့ ရှောင်လမ်းနှင့် ရေလဲလမ်းဆုံအနီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စတင် စုဝေးပြီး သတ်မှတ်လမ်းအတိုင်း သွားရောက်ကာ တိုးရွှေဝါခန်းမ ရှေ့တွင် ခေတ္တရပ်နားရှင်းလင်း ခြင်းပြုလုပ်ပြီး သတ်မှတ်လမ်း အတိုင်း ပြန်လည်ထွက်ခွာကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။