images
UN
UN
တနင်္သာရီဂျာနယ်အမှု ဇန်နဝါရီပထမပတ် အပြီးသတ်လျှောက်လဲချက်ပေးမည်
Dawei Watch Thursday, 27 December 2018
တနင်္သာရီဂျာနယ်တွင် သရော် စာရေးသား ဖော်ပြခဲ့မှုကြောင့် တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁ဝ ရက်တွင် အပြီးသတ် လျှောက်လဲချက် ပေးမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ်တရားရုံး နှင့် တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာထံမှ သိရသည်။
အဆိုပါအမှုတွင် တရားခံပြ သက်သေ ရှစ်ဦးကို စာရင်းတင် သွင်းထားပြီး ယနေ့ ရုံးချိန်းတွင် နောက်ဆုံးကျန်ရှိသည့် တရားခံပြ သက်သေနှစ်ဦးမှာ မအားလပ် သည့်အတွက် ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ကြောင်း တနင်္သာရီ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုး အောင်က ပြောသည်။
''သက်သေနှစ်ယောက်ကိုပယ် လိုက်တယ်။ ခရီးသွားရက်တွေနဲ့ တိုက်နေလို့''ဟုတနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာဦးမျိုးအောင်က ပြောသည်။တနင်္သာရီအပတ်စဉ်ဂျာနယ် တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်း စဉ်ဖြင့် ရေးသားသည့် သရော်စာ သည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ အရေးယူပေးရန် အတွက် ၂ဝ၁၇ခုနှစ် နိုဝင်ဘာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးကထားဝယ် မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ သည့်အမှု ဖြစ်သည်။
မဲဆွယ်အပြုံး သရော်စာအမှု၏ ၂၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ယခုနှစ် အောက်တိုဘာ ၁ ရက် တွင် တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာဦးမျိုးအောင်ကို သတင်း မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့သည်။
၃၂ ကြိမ်မြောက် ရုံးချိန်းဖြစ် သည့် ယနေ့တွင် တရားခံပြသက် သေနှစ်ဦးကို စာရင်းပယ်ဖျက်ပေး ရန် လျှောက်ထားခဲ့ပြီး နောက်ထပ် ရုံးချိန်းကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်ကို ပြန်ချိန်းထားကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောသည်။
ယင်းရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်များကို အပြီးသတ် ကြားနာမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။''အပြီးသတ်လျှောက် လဲချက်ပြီးရင်တော့ (ကြားနာပြီး နောက်ရုံးချိန်း) အပြီးသတ်အမိန့်ချ မယ်''ဟုဦးကျော်မြင့်ကပြောသည်။
မြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးပြီး ချိန်၌ အမှုပယ်ဖျက်ပေးရန် စွပ်စွဲ ခံရသည့် တနင်္သာရီဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော်ထံ လျှောက်ထားခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော် က ဇူလိုင် ၃၁ ရက်တွင် အမှုအား မပယ်ဖျက်ရန် 'ပလပ်'အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ ချေဖျက်ပေးရန် ထပ်မံလျှောက်ထားရာ အောက်တို ဘာ ၂၆ ရက်တွင် လျှောက်ထားမှု ကို လက်မခံဘဲ ပလပ်ခဲ့သည်။