images
UN
UN
စကားအသံနဲ့ အမှားအမှန်
ချစ်နိုင်(စိတ်ပညာ) Friday, 28 December 2018
ဝေဖန်သံတွေ အများကြီး ကြားရ တယ်။ တယ်လီဖုန်းမျက်နှာပြင်ပေါ်မှာ အင်တာနက်ကတစ်ဆင့် ဖေ့စ်ဘွတ် ကြည့်ရင် အသံအမျိုးမျိုးကို ကြားရ (ဖတ်ရ)ပါလိမ့်မယ်။ အသိÓဏ်နည်း စွာ စိတ်လိုက်မာန်ပါ ငြူစူပုတ်ခတ်တာ၊ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ရှုတ်ချတိုက် ခိုက်တာတွေလည်းတွေ့ရမယ်။ တကယ် တော့ ပြည်သူလူထုအများစုရဲ့ အသိ ပညာဗဟုသုတရေချိန်က မြင့်သလား နိမ့်သလားဆိုတာ အားလုံးလည်း သိပြီး သား။ ဃသာာနညအ မှတ်ချက် စကား အတော်များများဟာ တကယ်တော့ ဘာ မှ ကောင်းကျိုးမရစေနိုင်ပါဘူး။ သူ့ဟာ က အယ်ဒီတာမတည်းဖြတ်ခဲ့ရဘူးလေ။
လက်ကိုင်တယ်လီဖုန်းမျက်နှာပြင် ပေါ်မှာ တွေ့ရသမျှ ဆိုရှယ်မီဒီယာက စကားသံတွေ အားလုံးဟာ အရည်မရ အဖတ်မရ ဘာမှတန်ဖိုးမရှိကြပါဘူးလို့ သိမ်းကျုံးမှတ်ယူကြရင်တော့ လွဲချော် သွားမယ်နော်။ တစ်ရာတစ်ယောက်ဖြစ် ချင်ဖြစ်မယ်။ တစ်ထောင်တစ်ပုဒ်ဖြစ်ချင် ဖြစ်မယ်။ အင်မတန်တန်ဖိုးရှိတဲ့ ဝေဖန် ချက်တွေ၊ အကြံကောင်း ဥာဏ်ကောင်း တွေ၊ ဆုံးမသင်ကြားမှုတွေ၊ သုံးသပ် ထောက်ပြချက်တွေလည်း တစ်ခါတစ်ရံ ဖတ်ရပါတယ်။ တွေ့ရတတ်ပါတယ်။
အားလုံးဆိုးတယ်ဆိုလည်း မမှန် ဘူး။
အားလုံးကောင်းတယ်ဆိုရင်လည်း မမှန်ဘူး။
Óဏ်ပညာနဲ့ ခွဲခြားစိစစ်ပြီးယူတတ် ရင် ဆိုရှယ်မီဒီယာ အသံတွေထဲမှာ ပြည်သူလူထုရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထားအမြင်၊ အကြံဥာဏ်၊ ဝေဖန် ချက်တွေကို သေသေချာချာ တွေ့နိုင်ကြ ပါတယ်။
သူတို့ပြောတာ မှန်မမှန် မိမိကိုယ်ကို ဝေဖန်ရေးနဲ့ စစ်ဆေးသုံးသပ်ချက်တွေ ရဲရဲလုပ်ဖို့လိုတယ်။ သတိပြုရင် ကောင်း ကျိုးရစေနိုင်တဲ့ ပြုပြင်စရာ မှတ်ချက် အချို့ကို နမူနာကောက်နုတ် ဖော်ပြပါ ရစေ။
(၁) လုပ်ငန်းဆောင်တာ ဦးစားပေး
ရွေးချယ်ရာမှာ အဓိကနဲ့ သာ မညကို မခွဲခြားတတ်ဘူး။ အမြီးနဲ့ခေါင်း၊ အရင်းနဲ့ အဖျားမှားယွင်းကိုင်တွယ်နေ တာတွေ နေရာတော်တော်များများမှာ မြင်တွေ့နေရတယ်။
(၂) မရောင်ရာဆီလူးတဲ့ အလုပ်
တွေနဲ့ အချိန်ဖြုန်းနေကြတယ်။
အိမ်သာဖွင့်ပွဲ ဖဲကြိုးဖြတ်အခမ်းအနား ကျင်းပတယ် ဆိုတာမျိုးတွေ၊ ပုဂ္ဂလိက ဆိုင်များ၊ ကုမ္ပဏီများဖွင့်ပွဲ ဖဲကြိုးဖြတ် ပေးနေတာတွေ၊ ပြည်သူအများအတွက် ဆောင်ရွက်စရာတွေ တိုးတက်ပြောင်းလဲ အောင် လုပ်ရမှာထက် လက်ဆောင်ရ မယ့် ပွဲလမ်းသဘင်ကိုပဲ မနားတမ်း တက်နေတာမျိုးက လူအများကို စိတ် ပျက်စေခဲ့တယ်။
(၃) ပြဿနာရဲ့အရင်းအမြစ်၊ လုပ်ငန်း ဆောင်တာရဲ့ အဓိက အခြေ
အမြစ်ကိုမသိဘူး။
အချို့အကြောင်းအရာ တွေက ရေရှည်အဆင့်ဆင့်ဖြေရှင်းခဲ့ကြ ရတာတွေ ရှိတယ်။ ဝင်စာ၊ ထွက်စာ၊ မျှောစာတွေကို ရှာဖွေဖတ်ရှုမှသာ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ နောက်ကြောင်းရာဇဝင်ကို ဂဃနဏ ကောင်းစွာသိနိုင်ပါတယ်။ ရုံးလုပ်ငန်းရဲ့ သဘောသဘာဝကို နားမလည်လေ တော့ တစ်ခါတစ်ရံဆုံးဖြတ်ချက်လွဲချော် တာတွေကို ချမိတတ်ခဲ့တယ်။ အမှား အယွင်းဆိုတာက ရှိစမြဲပါပဲ။ လူတိုင်းလူ တိုင်းပါ။ ဒါပေမဲ့ တာဝန်ယူ၊ တာဝန်ခံ ရသူက သက်ဆိုင်ရာဝန်ထမ်းအဆင့်ဆင့် ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကူညီမှုကို ရအောင်မလုပ်ဆောင်နိုင်ခဲ့ရင် မှားတာ တွေက အကြိမ်ကြိမ်များလာပေမယ်။
(၄) ပြည်သူလူထု ရွေးချယ်တင် မြှောက်ခံရလို့ တာဝန်ယူလာ
ရသူတချို့ဟာ မိမိရဲ့ရာထူးတာဝန်အရ ဆောင်ရွက်ရမယ့်အမိန့် (ဥမိနမ) နဲ့ ညွှန်ကြားချက်(ှုညျအမကခအငသည) ဆိုတာ တွေကိုတောင် သဲသဲကွဲကွဲ မသိဘူး။ လက်အောက်ကို တာဝန်ခွဲဝေပေးရာမှာ ရှင်းရှင်းလင်းလင်း တိတိကျကျအချိန်မီ ပြီးစီးအောင် ကြီးကြပ်မှု (ဃသညအမသူ) မလုပ်တတ်ဘူး။ သတ်မှတ်တဲ့ နှစ်၊ လ၊ ရက်အတွင်း စာရင်းဇယားများ၊ အစီရင် ခံစာများ မပြီးစီးဘဲ အချိန်ထပ်တိုး တောင်းရတာမျိုးတွေ ဖြစ်ပေါ်လာတယ်။
(၅) အတွေ့အကြုံနည်းပါးတယ်။
အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနဲ့ ခေါင်း
ဆောင်မှု အတွေ့အကြုံတွေ ရှိခဲ့ပါမှ လုပ်ငန်းဆောင်တာ ထိရောက်လျင်မြန် ပါတယ်။ လေ့လာသင်ယူချင်စိတ်လည်း ရှိမှ၊ အထက်လူ၊ အောက်လူ၊ ဘေးလူ များဆီက အတွေ့အကြုံ၊ အတွေးအကြံ၊ အတတ်ပညာ၊ နည်းနာတွေကိုလည်း (သူတို့ကပေးချင်အောင်) ဆွဲဆောင်ရယူ ပါမှ အချိန်တိုအတွင်း နားလည်တတ် ကျွမ်းနိုင်ပါတယ်။ ငါကွ။ ငါသိပြီးသား ပါဆိုပြီး မာန်မာနအခံနဲ့ လုပ်ဖော်ကိုင် ဖက်တွေအပေါ် ဆက်ဆံပါက အတွေ့ အကြုံရတာ နည်းပေမှာပဲ။
(၆) စာပေဖတ်ရှုလေ့လာမှု အားနည်း
တယ်။ ကိုယ်တိုင်ဖြတ်သန်းရ
တဲ့ အတွေ့အကြုံဆိုတာ ကာလအကန့် အသတ်၊ နေရာဒေသ အကန့်အသတ်ရှိ တာကိုး။ စာပေဗဟုသုတလေ့လာဖတ်ရှု ပါမှ သမိုင်းကိုနားလည်တယ်။ ပထဝီဝင် ကို သိမြင်တယ်။ ကဗျာလင်္ကာ၊ ဝတ္ထု၊ ရာဇဝင် အတ္ထုပ္ပတ္တိတွေ ဖတ်ကြည့်ဖူးမှ ဘဝထဲက အမှားသင်ခန်းစာတွေကို ရှောင်ရှားတတ်တယ်။ စာမဖတ်တော့ ပိန်းတာပေါ့။
(၇) တချို့က အတန်းပညာလည်း နိမ့်ကျတယ်။ ကျောင်းသင်
ပညာရေးဟာ မူလတန်းထက် အလယ် တန်းကပိုပြီး အားကစားနဲ့ ပေါင်းသင်း ဆက်ဆံရေး ပိုမိုကျယ်ပြန့်တယ်။အလယ် တန်းထက် အထက်တန်းကပိုပြီး ရသနဲ့ အနုပညာကို ခံစားတတ်အောင် သင်ပေး တယ်။ အထက်တန်းအဆင့်ထက် တက္ကသိုလ်ကောလိပ်တွေက မိမိဘဝကို ပတ်ဝန်းကျင်နဲ့ အဆင်ပြေချောမွေ့အောင် ပျိုးထောင်ပြုစု ပေးနိုင်ကြတယ်။ တက္ကသိုလ်မှဘွဲ့မရသူ အခြေခံပညာ အထက်တန်း(တက္ကသိုလ်ဝင်တန်းတောင်) စာမေးပွဲ အောင်အောင်မဖြေနိုင်ခဲ့သူတွေ က နေရာရလာတော့ အရည်အသွေးမှာ စံချိန်မမီဘူး။ အတွေးအခေါ်အမြော်အမြင် အားမရကြဘူး။
(၈) စည်းကမ်း၊ ဥပဒေ၊ ကျင့်ဝတ်
တွေ နီတိတွေကို ရိုသေရကောင်း မှန်းမသိဘူး။ အားနည်းတယ်။ ဒါကို လည်း ဝေဖန်ကြတာ တော်တော်များခဲ့ ပါတယ်။ စည်းလွတ်ဝါးလွတ်နေထိုင်ခဲ့ တာတွေက အကျင့်ပါလာတော့ နေပြည် တော်မှာ အစည်းအဝေး ခန်းမကြီးလို နေရာရဲ့ သန့်စင်ခန်းတွေမှာတောင် ကိုယ် စားလှယ်တော်များအတွက် စည်းကမ်း ထုတ်ပြန်သတိပေးရ တယ်ဆိုတာမျိုးဟာ အားနည်းတဲ့လက္ခဏာပဲပေါ့။ တဖြည်း ဖြည်းနဲ့ ပြုပြင်ကောင်းမွန်လာကြမယ်လို့ မျှော်လင့်ရပါတယ်။
(၉) အပြောအဆိုမတတ်ခြင်းနဲ့ လူထု ကြားမှာ မေးတာ မမေးတတ် ဘူး။ ဖြေတာ ထိထိမိမိ တိတိကျကျ မဖြေတတ် ဘူး။ ဒါက ဘာသာစကားရဲ့ သံခိပ်သင်ခန်း စာကို မသင်ယူခဲ့ရတာ ကြောင့် နားမလည်ခြင်းလည်း ဖြစ်နိုင် တယ်။ နားလည်လွယ်မှု အလေ့အကျင့် ဃသာစမန့နညျငသည လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံနည်းခဲ့ကြတာလည်း ပါ လိမ့်မယ်။ ခေါင်းဆောင်မှုသင်တန်း တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဘာသာ စကားသင်တန်း (အင်္ဂလိပ်စာ၊ ဂျပန်စာ၊ တရုတ်စာ စသည်)တက်ရောက်ဆည်းပူး ရင်း တိုးတက်လာမှာပါ။
(၁ဝ) စီမံမှုညံ့ဖျင်းခြင်းကြောင့် အုပ် ချုပ်ရေးပိုင်းမှာရော စီမံကိန်း အကောင်အထည်ဖော်နိုင်မှုမှာရော ကျ ဆင်းခဲ့ကြတယ်။ အထူးသဖြင့် စီးပွား ရေးမျက်နှာစာမှာ ဘာကိုပဲ အကြောင်းပြ ဆင်ခြေပေးပေး၊ ကုန်ထုတ်လုပ်မှု၊ ကုန် သွယ်မှု၊ ဝန်ဆောင်မှု၊ အပိုင်းအားလုံးမှာ သိသိသာသာ နိမ့်ကျလျှောဆင်းလာနေ တယ်။ ဒီအချက်ဟာ ဖုံးကွယ်ထားလို့ လည်းမရ၊ လိမ်ညာလို့လည်း မရဘူး။ လူအများ ဆင်းရဲနွမ်းပါးလာတယ်။ နွမ်းပါးချို့တဲ့မှုကြောင့် ရာဇဝတ်မှုတွေ လည်း မကျဆင်းနိုင်ဘူး။
(၁၁) ခေါင်းဆောင်မှုနေိနမျ့ငစ အရာမှာ အချိန်ကာလ သုံးနှစ် လောက်အတွင်းထင်ထင်ရှားရှားကျဆင်း သွားခဲ့ပေပြီ။ ပြောတော့ မိုး၊ ထိုးတော့ မြေကြီးဆိုတာမျိုး၊ အပြောတခြား၊ ရလဒ် တခြားကွဲပြားနေပုံများကို ပြည်သူတချို့ က ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆို လာကြပြီ။
(၁၂) ပြည်သူလူထုရဲ့ခံစားမှုနဲ့ ပိုမို ကင်းကွာဝေးကွာလာခဲ့ခြင်း ကလည်း တစ်ဖက်ကို တစ်ဖက် အထင် အမြင် သေးစေပါတယ်။ တောင်အောက် က လူတွေက တောင်ပေါ်ကလူတွေကို သေးငယ်တယ်လို့မြင်နေသလို တောင် ပေါ်က လူတွေက တောင်အောက်ခြေရှိ လူတွေကို သေးငယ်ကြတယ်လို့ ပြောဆို ပုံမျိုးပဲ။ ပြည်သူနဲ့အတူ မစီမံမကြီးကြပ် တော့ အလှမ်းကွာလာခဲ့ကြပြီ။ ခံစား ချက်ချင်းလည်း ကွဲပြားသွားပြီ။ အမြင် တွေချင်းလည်း မတူနိုင်ကြတော့ဘူး။
နေပူထဲ ရွှံ့တောဗွက်တောထဲ တချို့ က မဆင်းချင်ကြတော့ဘူး။ (ဆင်းရင် လည်း အိုက်တင်ပေး ဓာတ်ပုံရိုက်ခံရုံ ဟန်ပြသက်သက်ပဲ)။
ပြည်သူဆိုတာ နားတွေအများကြီး၊ တောင်ပေါ်မြေပြန့်၊ အထက်အညာ၊ အောက်အကျေ၊ လူမျိုးစုံ၊ ဘာသာစုံက ကြားရ မြင်ရတယ်။ ပြည်သူ့အသံအချို့ ကိုသာ နမူနာကောက်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။ အချက်ပေါင်း ၅ဝ၊ ၆ဝ ဖော်ပြလိုက်ရင် တမင်သက်သက် အဆိုး မြင်ရှုထောင့်ကပဲ ရွေးပြီး ပြောနေတယ် ထင်လောက်မယ်။ သာဓကမြင်နိုင်ရုံမျှ သာပါ။
အလွှာအသီးသီးမှာရှိကြတဲ့ လူတိုင်း လူတိုင်း ကျေနပ်နှစ်သက်အောင်တော့ ဘယ်သူမှ မတတ်နိုင်။ ဒါအမှန်ပဲ။ ဒီ သဘောကို အများသိပါတယ်။ မြန်မာ ဆိုရိုးစကား ရှိထားပြီးသားပါ။
သိကြားမင်း ဖန်ဆင်းပေးတဲ့ နွား တောင် ''အင်း နွားက ပြောစရာမရှိ လောက်အောင် လှပါတယ်။ ချောပါ တယ်။ ဒါပေမဲ့ ချိုလေးက နည်းနည်း ကားနေတယ်''တဲ့။ ဘယ်အရာမဆို အပြစ်ရှာဖို့ရာက လွယ်တာကိုး။ လူ့အလို ကြိုက် နတ်မလိုက်နိုင်။ ဘယ်သူဘာ ပြောပြော ကောင်းသောစိတ်ထား၊ ကောင်းတဲ့စေတနာ၊ ပြည်သူကို မိမိထမ်း ဆောင်ခွင့် ရသမျှ အခိုက်အတန့် အချိန် ပိုင်းလေးမှာ အကောင်းဆုံးစွမ်းဆောင် ပေးမယ်ဆ