images
UN
UN
ရမ်းဇမ်းကျေးရွာတွင် နွားများ မကြာခဏရောဂါ ဖြစ်ပွားနေ၍ ကာကွယ်ဆေးထိုးပေးသင့် ဟုဆို
ညောင်ဦးသား Saturday, 29 December 2018
မန္တလေးတိုင်းဒေသကြီးညောင် ဦးမြို့နယ် ရမ်းဇမ်းကျေးရွာတွင် နွားများမကြာခဏရောဂါဖြစ်ပြီး သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားနေသည့်အတွက် ကာကွယ် ဆေးများ ထိုးပေးသင့်ကြောင်း ဒေသခံနွားပိုင်ရှင်များထံမှဒီဇင်ဘာ ၂၉ရက်က သိရသည်။
''ဒီနေ့မနက်အစောကြီးကကျွန် တော့်နွားအကောင်းကြီး ရှိသေး တယ်။ မနက် ၈နာရီလောက် မှာမောလာပြီး ခြေတွေလက်တွေ ဆတ်ဆတ်တုန်လာတယ်။ ဆီး လည်းချုပ်တယ်။ ဝမ်းလည်းချုပ် တယ်။ ဆီချူလည်းမပေါက်ဘူး။ အဲဒါ ညနေပိုင်း ၅နာရီလောက် အချိန်မှာ နွားက ဗုန်းဗုန်းလဲတော့ တာပဲ။ လဲပြီးငါးမိနစ်လောက်ရှိ တော့အသက်ထွက်သွားတော့တာ ပဲ''ဟု နွားပိုင်ရှင်ကပြောပြသည်။
''ကျွန်တော်တို့ရွာကလည်း အဲဒီလိုနွားတွေ တစ်ခုခုဖြစ်ပြီဆို ရင် ကာကွယ်ဆေးထိုးချင်ကြပြီ။ အဲဒီလိုမှ မဟုတ်လို့ကတော့ မြို့ နယ်က ကာကွယ်ဆေးအခမဲ့လာ ထိုးပေးလည်း မထိုးချင်ကြဘူး ဗျ။ ပထမတစ်ခါတုန်းကတော့ နွားတစ်ကောင်ကို ကာကွယ်ဆေး ထိုးရင် ကျပ် ၂၅ဝ ပေးရလို့ ရွာက လူတွေကမထိုးချင်ကြဘူး။ နောက် တစ်ခါအခမဲ့လာထိုးပေးတော့လည်း နွားတွေက ကျန်းမာရေးကောင်းနေ တော့ လူတွေကကာကွယ်ဆေးမ ထိုးချင်ကြဘူး။ အခုလိုနွားတစ် ကောင်စ၊ နှစ်ကောင်စကျန်းမာရေး မကောင်းဖြစ်လာပြီဆိုရင်တော့ကာ ကွယ်ဆေးထိုးချင်လာကြပြီ။ အခု ရက်ပိုင်းမှာတော့ နွားဈေးကလည်း ကောင်းလာတော့ နွားပိုင်ရှင်တွေက လည်းပိုပြီးဂရုစိုက်လာကြတယ်'' ဟု ယင်းရွာသားကပြောသည်။ ထို့ အတွက်ကြောင့် အဆိုပါကျေးရွာ သို့ ကာကွယ်ဆေးထိုးပေးသင့် ကြောင်း ရွာသူရွာသားများထံမှ သိရသည်။