images
UN
UN
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်
Sunday, 30 December 2018
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်နှင့်လူမှုစီးပွားရေးဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင်ပေါင်းတည် မြို့အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ သည်။
၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်တွင် အခြေခံစက်ချုပ်သင်တန်းကို မှတ် တိုင်အုပ်စု တမံကြီးကျေးရွာတွင် ယခုလ ၁၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိရက်ပေါင်း ၃ဝ ဖွင့်လှစ် နေပြီဖြစ်ကြောင်း သိရသည်။
အခြေခံ စက်ချုပ်သင်တန်း တွင် သင်တန်းသူ ၂၅ဦးတက် ရောက်လျက်ရှိပြီးသင်တန်းနည်းပြ ဆရာဦးသန့်ဇင်နှင့်သင်တန်းနည်းပြ ဆရာမ ဒေါ်ဆွေဆွေဝင်းတို့က စာတွေ့လက်တွေ့ရှင်းလင်းသင်ကြား လျက်ရှိကြောင်း သိရသည်။သင် တန်းတွင် အမျိုးသမီးဝတ်အင်္ကျီ ချုပ်နည်း၊ ဘောင်းဘီရှည်ချုပ်နည်း၊ ရင်ဖုံးချုပ်နည်း၊ ရှပ်အင်္ကျီချုပ်နည်း၊ လေးလွှာစကပ်ချုပ်နည်း၊ သင်္ဘော သားအင်္ကျီချုပ်နည်း၊ ကလေးအင်္ကျီ ချုပ်နည်းနှင့် နောက်ကွဲအင်္ကျီချုပ် နည်းများအား သင်ကြားပေးလျက် ရှိကြောင်း သိရသည်။