images
UN
UN
စာရေးဆရာမကြီး ခင်နှင်းယုဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးထားသည့် ပျားရည်အိုင်မှသရုပ်ဆောင် မေမီကိုကို
ဒဂုံဝေလင်း Sunday, 30 December 2018
'ပျားရည်အိုင်'ဟာဆရာမကြီး ခင်နှင်းယုရေးသားတဲ့ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်ပြီးလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ လူကြိုက်အများဆုံး ရုပ်သံဇာတ်လမ်းတွဲအဖြစ် အောင် မြင်နေတာဖြစ်ပါတယ်။ ဒီဇာတ် လမ်းတွဲမှာအဓိကဇာတ်ဆောင်'မြိုင်' ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှုကို ခိုင်ခိုင်မာမာရရှိထားသူ သရုပ် ဆောင် မေမီကိုကိုက 'မြိုင်'လို စနိုက်ကျော်တတ်တဲ့ ကာရိုက်တာ မျိုး ကိုယ်တိုင်က မနှစ်သက်ပေမဲ့ အပြင်မှာလည်း အများကြီးရှိနေ တာကြောင့် ကြည့်တဲ့သူတွေကို ပညာရအောင် ဒီဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးဖြစ်ခဲ့တာလို့ ပြော ပါတယ်။
''မေမီ့ကိုလာပြောတော့ ငါ လုပ်နိုင်ပါ့မလားလို့ တွေးမိပါ တယ်။ ဖြစ်ပါ့မလားလို့လည်း စိတ်ပူတယ်။ သိန်းပေါင်းထောင်နဲ့ ချီပြီး အကုန်အကျခံရိုက်ကူးမယ့် ပရိုဂျူဆာက ငါ့ကိုယုံကြည်လို့ ကမ်းလှမ်းလာတာပဲ ဖြစ်အောင် လုပ် မယ်ဆိုပြီးမှ လက်ခံဖို့ဆုံးဖြတ် လိုက်တာပါ။ သူတို့ကလည်း မေမီ့ ကိုယုံကြည်တယ်လေ။ တကယ် တမ်း မြိုင့်လိုကာရိုက်တာနဲ့ မိန်း ကလေးတွေအပြင်မှာလည်း အများ ကြီးရှိတာပဲလေ။ ဒီလို စနိုက်ကျော် တတ်တဲ့မိန်းကလေးတွေ ပတ်ဝန်း ကျင်မှာအများကြီးပဲမြင်နေရတော့ ဒါတွေ ကို မလုပ်သင့်ဘူးဆိုတာ Message ပေးမှရမှာပေါ့နော်။ ကြည့်တဲ့သူတွေ ပညာရစေချင် တဲ့စိတ်နဲ့ လက်ခံရိုက်ကူးခဲ့တာပါ။တကယ်ဆို' မြိုင့်''ကာရိုက်တာကို ဘယ်သူမှ သဘောမကျဘူး။မေမီ ကအပြင်မှာတော့ အနေအေးပြီး လူမှုရေးမရှိတာတွေရှိလို့ ကိုယ် တိုင်မြိုင့်ကို အားကျတာလေးတွေ တော့ရှိပါတယ်။ မြိုင်ကပညာရေး မှာလည်းတော်တယ်။ လူမှုရေး လည်းကောင်းတယ်။ သူကအတ္တ ကြီးတယ်။ အချစ်ကို ဆုံးရှုံးရမှာ ကြောက်တာ။
ကိုတင်ဖေကို အရမ်းချစ်ပေ မယ့် မြညိုအပေါ်မမုန်းဘူး။မယုတ် မာဘူး။ ဒါပေမဲ့တကယ်တမ်းသူ များယောက်ျားကို ကြိုက်ရတာ လေ။ဘယ်လောက်ပဲထက်မြက်ပြီး တော်နေတတ်နေပါစေ သူများအိမ် ထောင်ရေးကိုဖျက်ဆီးတာ 'ဒုသန သောကံထိုက်တယ်'လို့ မေမီကို ကိုက လူမုန်းများနေတဲ့ မြိုင်ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ပြော ပါတယ်။
ဝါရင့် အနုပညာရှင်တွေနဲ့ သရုပ်ဆောင်ရတာ အတွေ့အကြုံ တွေရပြီး သူတို့ရဲ့သွန်သင်ပြသ မှုတွေကြောင့် အခက်အခဲမရှိလုပ် နိုင်ခဲ့တယ်လို့ လည်း မေမီကိုကိုက ပြောပါတယ်။
ပျားရည်အိုင်က နောက်ပိုင်းမှာ ဇာတ်ရှိန်ပိုတက်လာပြီး ပရိသတ် အားပေးမှုနှုန်းမြင့်လာသလို ဝေဖန်မှုလည်း မြင့်တက်လာတဲ့ အပေါ် မေမီက
'' ဒီဇာတ်လမ်းမှာ မြိုင်က အဓိက ဇာတ်ဆောင်ဆိုပေမယ့် မြညိုကို သနားစရာဖြစ်အောင်ပို့ ပေးရတာပေါ့နော်။ သူပေးချင်တဲ့ မက်ဆေ့ခ်ျကိုက မြိုင့် လိုမဖြစ်ဖို့ ပဲလေ။ဒီကားကပြီးတောင် မပြီး သေးပါဘူး။ ဒါကို ပညာပေးကား မဟုတ်ဘူးဆိုပြီး ထင်ကြေးနဲ့ ဝေဖန်နေကြတာတွေရှိပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းတွဲအတွက် မေမီပြောပြချင်တာက တကယ် တော့ယူတတ်ရင် ပညာပါ။ ဒီဇာတ် လမ်းတွဲကို ဆုံးအောင်ကြည့်စေ ချင်ပါတယ်။ တကယ့်ကို ပညာ ပေးကားလေးပါ။ ဒါကြောင့် ပျား ရည်အိုင်ကို အပြီးအထိကြည့်စေ ချင်ပါတယ်။ မြိုင့်ကိုမုန်းတယ်ဆို ရင်တောင်တခြားသရုပ်ဆောင်တွေ ကြိုးစားထားကြတာတွေကို ဆက် ပြီး အားပေးစေချင်ပါတယ်'' တဲ့
သရုပ်ဆောင် မေမီကိုကိုသည် ရုပ်သံဇာတ်လမ်းတွဲများစွာကို ရိုက် ကူးထားပြီး ဆရာမကြီး ခင်နှင်းယု ရဲ့ 'ပျားရည်အိုင်'ဇာတ်လမ်းတွဲနဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တာ ဖြစ်ပါ တယ်။ 'ပျားရည်အိုင်' ဇာတ်လမ်း တွဲတွင် သရုပ်ဆောင် အောင် ရေချမ်း၊ ဘုန်းရှိန်ခန့်၊ ရှင်မွေလ၊ မေမီကိုကို၊ မြတ်သူသူဇင်၊ မေဇူး မောင်နဲ့သရုပ်ဆောင်များစွာ ပါဝင် ထားပါတယ်။