images
UN
UN
မြောင်းမြတွင် လေးမြို့နယ်ပူးပေါင်း၍ တပ်မတော်အားထောက်ခံ ပြင်ပစွက်ဖက်မှုများအားဆန့်ကျင် ဆန္ဒဖော်ထုတ်
အောင်မင်း(မြောင်းမြ) Sunday, 30 December 2018
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့၏ကြီးကြပ်မှုဖြင့် တပ်မတော်အားထောက်ခံခြင်း၊ ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၈နာရီကစတင်၍ မြောင်းမြမြို့တွင် ကျင်းပခဲ့သည်။အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဧရာဝတီ တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နေဝင်း(ငြိမ်း) ၏ ကြီးကြပ်မှုဖြင့် မြောင်းမြ၊ အိမ်မဲ၊ ဝါး ခယ်မ၊ လပွတ္တာစသည့်မြို့နယ် လေးမြို့  နယ်ပူးပေါင်း၍ မြောင်းမြခရိုင် စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးရဲမြတ်ဦး(ငြိမ်း) မှဦးဆောင်ကာကျင်းပခဲ့ကြောင်းသိရသည်။
ယနေ့ကျင်းပသည့်ဆန္ဒထုတ်ဖော်ပွဲကို အဆိုပါလေးမြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃၅ဝ၊ တပ်မတော်ချစ်မြတ်နိုးသူ ဒေသခံပြည်သူ ၄၅ဝ၊ စုစုပေါင်းအင်အား ၈ဝဝခန့်ကတပ်မတော်အပေါ်သက်ရောက် နေသော နိုင်ငံတကာဖိအားများ လျော့ကျ စေရန်ရည်ရွယ်၍ နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံများနှင့် အတူ'မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်။ တပ်မတော်အင်အား ချိုး နှိမ်မှုမှန်မျှတို့ လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်'စသည့် ဗီနိုင်းပို စတာ ခုနစ်မျိုးအား ကိုင်ဆောင်ကာ မြောင်းမြမြို့ စင်္ကြာသီဟ၊ စင်္ကြာနန္ဒဘုရား ရှေ့တွင်စုဝေး၍ ၄င်းမှတစ်ဆင့် ၁၂လမ်း၊ ဘောင်ထရီလမ်း၊ နတ်စင်လမ်းမှတစ်ဆင့် ထောင်ရောင်နေလမ်းအတိုင်း လှည့်လည် ကာ ဒီးဒုတ်ဦးဘချိုရုပ်တုရှေ့တွင် ငြိမ်း ချမ်းစွာစုဝေးခဲ့ပြီး နံနက် ၉ နာရီ အချိန် အထိ ၁ နာရီကြာ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခဲ့ကြောင်း သိရသည်။