images
UN
UN
ပဲခူးတိုင်းအစိုးရအဖွဲ့ကကျွန်တော်တို့ကို လမ်းပေါ် ထွက်အောင်လုပ်နေတာလားပြည်သူတစ်ဦးမေးခွန်းထုတ်
ဖြိုးကိုလင်း(ညောင်ဝိုင်း) Sunday, 30 December 2018
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပေပင်ချောင်းကျေးရွာအုပ်စု ပေပင် ချောင်းကျေးရွာနေ ပြည်သူများမှစုပေါင်း၍ တာဝါတိုင်တည်ဆောက်မှု အား ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းခဲ့သည်။
ရှင်းလင်းရခြင်းမှာ ပေပင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေထိုင်ရာ နေအိမ်ခြံဝင်းအတွင်း၌ အမည်မသိတာဝါတိုင်တည်ဆောက် နေမှုအား ကျေးရွာနေပြည်သူများမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံနှစ်ကြိမ် တင်ပြတိုင်ကြားခဲ့သော်လည်း အရေးယူစစ်ဆေးခြင်းမရှိသောကြောင့်တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများ အား စက်ယန္တရားကြီးများဖြင့် နေ့ချင်း ညချင်းအရှိန်အဟုန်မြှင့်တည်ဆောက်နေမှု၊ ကျေးရွာပိုင်လမ်းမပေါ်သို့ မြေများစုပုံခြင်း ကြောင့် လူ၊ကျွဲ၊နွား၊ စက်များသွားလာရန် ခက်ခဲမှု၊ အဆိုပါအမျိုးအမည်မသိ ဆက် သွယ်ရေးတာဝါတိုင် တည်ဆောက်ပြီးပါ က စက်သံဆူညံခြင်းရောင်ခြည်ကြောင့် ကျေးရွာနေပြည်သူများ ကျန်းမာရေးဒုက္ခ ဆိုးကျိုးများရရှိလာနိုင်ခြင်း၊ အနားလေးရပ် ထောက်ခံမှာသာ အတည်ပြုသည်ဟု ရှင်း ပြသော်လည်း မျက်နှာချင်းဆိုင်မှ ကန့် ကွက်တင်ပြတိုင်ကြားခြင်း အစည်းအဝေး တွင် ပြင်းထန်စွာကန့်ကွက်သော်လည်း ဂရု မစိုက် အလေးမထားဘဲ တည်ဆောက်နေ မှုရပ်တန့်ရန်၊ မဖြစ်မနေတည်ဆောက်ပါ က ကျေးရွာ၏ပြင်ပလယ်ကွင်းများအတွင်း ၌သာတည်ဆောက်ရန်၊ ကျေးရွာတွင်း မည်သည့်နေရာတွင်မဆို တည်ဆောက်ပါ က ကျေးရွာနေပြည်သူ၏ အင်အားဖြင့် ကန့်ကွက်တင်ပြတိုင်ကြားပြီး ဆက်လက် လုပ်ဆောင်ပါက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာမြို့နယ်ရုံး များတွင်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း တက်ရောက်လာသူပြည်သူများမှအလှည့် ကျ ရှင်းလင်းပြောကြားခဲ့သည်။
''စပြီးဆွေးနွေးကတည်းကကျွန်တော် တို့က အတိအလင်းကန့်ကွက်တယ်။ ဆက် လုပ်လို့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆီပါ တိုင် စာနှစ်ခါပေးတယ်။ ပြည်သူတွေလက်မှတ် ထိုးပြီးတော့ ခုဟာက တိုင်ထားလည်း ဆက်လုပ်နေတော့ ပဲခူးတိုင်းအစိုးရအဖွဲ့က ကျွန်တော်တို့ ပြည်သူတွေကို လမ်းပေါ် ထွက်အောင် လုပ်နေတာလားလို့ ဒီနေရာ က မေးချင်တယ်။ ဒီကိစ္စကို ဆက်လုပ် မယ်ဆို ကျွန်တော်တို့ အစိုးရအဖွဲ့ရုံးနဲ့ သက်ဆိုင်ရာမြို့နယ်ရုံးကို ဆန္ဒထုတ်ဖော် မယ်။ ကျေးရွာထဲမှာ ဘာတာဝါတိုင်မှ လက်မခံဘူး။ ခုအချိန်အထိ ဘယ်တိုင်ဆို တာမပြောပြဘူး။တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်ကစပြီး ရှင်းပြ ချိန်က ဆိုးကျိုးကြီးပဲ။ နောက်ဆုံး မဲ ဆန္ဒခွဲတယ်ဆိုပြီး ကွက်ကြားဖိတ်တယ်။ လက်ဖက်ရည်သောက်အုပ်ချုပ်ရေးမှူး အမျိုးနဲ့ အရှေ့ပိုင်းက လူတွေကျော်ဖိတ်ပြီး မဲနိုင်တယ်ဆိုပြီး ဆက်လုပ်တယ်''ဟု ဒေသခံဦးသက်ဝေ က ပြောကြားခဲ့သည်။