images
UN
UN
မြိတ်တွင် ငါးဖမ်းရာသီ လေးလအတွင်း ရေလုပ်သားတစ်ရာကျော် ထောင်အချုပ်ထဲရောက်
Dawei Watch Sunday, 30 December 2018
မြိတ်ခရိုင်တွင် ယခုနှစ်ငါးဖမ်း ရာသီကာလ လေးလအတွင်း ရေ လုပ်သားတစ်ရာကျော် ဖမ်းဆီးခံရ ပြီး ထောင်အချုပ်ထဲသို့ရောက်ရှိ နေကြောင်းမြိတ်မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးထံမှ သိရသည်။
ငါးဖမ်းရာသီစတင်သည့်သြဂုတ် ၁၅ ရက်မှ ယခုလ ၂၂ ရက်အထိ လေးလကျော်ကာလအတွင်းလိုင်စင်မဲ့ကင်းမွန်လှေ ၂၃ စင်းဖမ်းမိခဲ့ပြီး ယင်းလှေများမှ လှေဦးစီးအပါအဝင် ရေလုပ်သား ၁ဝ၆ဦးထောင်အချုပ်ရောက် ရှိကာ အမှုရင်ဆိုင်နေရကြောင်း အထက် ပါရုံးထံမှ သိရသည်။
၎င်းတို့ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနကတရားလိုပြုလုပ်ကာမြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၄အရတရားစွဲ ဆိုထားခြင်းဖြစ်သည်။
၁၉၉၃ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ သည့် မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေ ကိုပြင်ဆင်သည့်ဥပဒေအရပုဒ်မ ၄၄ ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၁ဝ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ် သုံးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရ မည်ဟု ဖော်ပြထားသည်။
လိုင်စင်မရှိသည့်အတွက် အဖမ်းခံရ သည့်လှေအများစုမှ တဝလိုင်စင်လျှောက် ထားသည့်လှေများဖြစ်ပြီး လက်ရှိအချိန် တွင် တဝလိုင်စင်မထုတ်ပေးတော့သဖြင့် လိုင်စင်မဲ့လှေသဘောမျိုးဖြစ်သွားပြီး အဖမ်းခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်းရှင်အသင်း တွဲဖက် အတွင်းရေးမှူး ဦးဌေးလှိုင်ကပြောသည်။
တဝလိုင်စင်ဆိုသည်မှာ ယခင်က ဒေသလိုအပ်ချက်အရ ငါးလုပ်ငန်းဦးစီး ဌာနကထုတ်ပေးခဲ့သည့် လိုင်စင်တစ်မျိုး ဖြစ်ပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ၍ ထုတ် ပေးခြင်းမရှိတော့ပေ။
''လိုင်စင်က မလုပ်တာမဟုတ်ဘူး။ လုပ်ရဲ့သားနဲ့ကိုချမပေးတာ''ဟု ဦးဌေး လှိုင်က ပြောသည်။
လိုင်စင်ချမပေးသော်လည်း စားဝတ် နေရေးအခက်အခဲကြောင့် အရဲစွန့်ကာ ပင်လယ်ပြင်ထွက်ကြသည့်လှေများအဖမ်း ခံနေရပြီး ရေလုပ်သားများထောင်အတွင်း ရောက်ရှိကာ ၄င်း၏မိသားစုဝင်များလည်း စားဝတ်နေရေးခက်ခဲလျက်ရှိကြောင်း ဦးဌေးလှိုင်က ပြောသည်။
လိုင်စင်လာလျှောက်ကြသည့် ကမ်း နီးလှေအများစုမှာ ကမ်းနီးလိုင်စင်ထုတ် ပေးနိုင်သည့် စည်းကမ်းချက်နှင့်ညီညွတ် ခြင်းမရှိဘဲ သတ်မှတ်ထားသည့် လှေ အရွယ်အစားအင်ဂျင်ပါဝါစသဖြင့်ကြီးမား နေခြင်းကြောင့် ချပေးခြင်းမရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန် ရှိသူက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ပြောကြားဖူးသည်။