images
UN
UN
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ အင်အားစိစစ် ဘိုးဘွားများကိုထောက်ပံ့ငွေပေး
ဇော်ရဲထွဋ်(ဒဂုံတောင်) Sunday, 30 December 2018
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးဆောင်၍ ဒဂုံတောင်မြို့နယ်တွင် ပါတီဝင် အင်အားစိစစ်ခြင်းနှင့် ခိုကိုးရာမဲ့အဘိုး အဘွားများအား သွားရောက်ကြည့်ရှုအား ပေးစကားပြောကာ ထောက်ပံ့ငွေများပေး အပ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းဦးဆောင်၍ လေးထောင့် ကန်ရပ်ကွက်တွင် ပါတီဝင်အင်အားစိစစ် ကာ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့သည်။
အဆိုပါရပ်ကွက်မှ ပါတီဥက္ကဋ္ဌ ဦးအေး သောင်းနှင့် ပါတီကော်မတီဝင်များမှလည်း မိမိရပ်ကွက်တွင် ပါတီဝင် အင်အားတိုးချဲ့ ဆောင်ရွက်ထားမှုအခြေအနေနှင့်ရပ်ကွက်နေ ပြည်သူများ၏ စကားသံများကိုလည်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပါတီဝင် အင်အားစိစစ်ရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အရန် ကော်မတီဝင်များလည်း လိုက်ပါကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးထု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ (၅၅)နှင့် (၅၆)ရပ်ကွက်များရှိ လစဉ် ထောက်ပံ့နေကျ ဖြစ်သော ခိုကိုးရာမဲ့ အဘိုးအဘွားများကို သွားရောက်တွေ့ဆုံအားပေးကာ ထောက်ပံ့ ငွေများလည်း ပေးအပ်ခဲ့ကြောင်း သိရ သည်။