images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ပါတီဝင်များနှင့်တွေ့ဆုံ
Sunday, 30 December 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက စပယ်ခြုံကျေးရွာ၊ ငွေလေးကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ ကံစုကျေးရွာနှင့် တောင်စစ်ကိုင်းကျေးရွာများသို့ သွားရောက်၍ ကျေးရွာများရှိ ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြဝတီကျေးရွာသို့သွားရောက်၍ ဒေသခံပြည်သူများ၊ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းပြင်ဆင်ရန်အတွက် အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။