ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ် ခရိုင် မြို့နယ်တို့၏ခရစ္စမတ်ပွဲတော် ကျင်းပ
သုတ
Sunday, 30 December 2018
ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူးသည့် ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့ နယ်တို့၏ စုပေါင်းခရစ္စမတ်ပွဲတော် အခမ်းအနားအား ယနေ့နံနက် ၁ဝ နာရီက ပြည်နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အစီအစဉ် ဦးဆောင်သူအဖြစ် ဆရာ Rev. ဦးဒါနီအယ်(AG) က ဆောင်ရွက် ပေးပြီး တရားဒေသနာဟောကြား သူအဖြစ် ဆရာ Rev. ဦးအမ်ဆိုင်း ရာက ဆောင်ရွက်ပေးခဲ့သည်။ခရစ္စမတ်ပွဲ၏ ချီးမွမ်းဝတ်ပြု ခြင်းကို AG.DC(1) လူငယ်အဖွဲ့က ဦးဆောင်ပေးခြင်း၊ ဆုတောင်း ဆက်ကပ်ခြင်းအား ဆရာဦးဆန်နိုင် ဖီ(COC) က ဆောင်ရွက်ပေးခြင်း၊ ဓမ္မသီချင်းကျူးဧခြင်းအဖြစ်''ယေရှု ကြွလာတော်မူ''သီချင်းသီဆိုခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ကချင်ပြည်နယ်ပါတီ ဥက္ကဋ္ဌဦးရာဝမ်းဂျုံက ကြိုဆိုနှုတ် ခွန်းဆက်စကားနှင့် ဆုတောင်းခံ ချက်တင်ပြခြင်း၊ မြို့သစ်(COC) လူငယ်များက ဓမ္မတေးဖြင့် ဂုဏ် တော်ကိုချီးမွမ်းခြင်း၊ ဆရာ Rev. ဦးကွေ့ယော်က ပြည့်စုံဆုတောင်း ခြင်း၊ နိနဝေးသံချပ်အဖွဲ့က ဓမ္မ တေးဖြင့် ဂုဏ်တော်ကိုချီးမွမ်း ခြင်း၊ ဆရာ Rev. ဦးအမ်ဆိုင်း လာက တရားဒေသနာဟောကြား ပေးခြင်း၊AG ချီဆောင်ခြင်း အသင်းတော်လူငယ်များက ဓမ္မ တေးနှင့် အကဖြင့် ဂုဏ်တော်ကို ချီးမွမ်းခြင်း၊ ပြည်အရန်ပါတီကော် မတီဝင်ဦးမရန်ဘရန်ရှောင်ကကြေ ညာစာဖတ်ကြားခြင်း၊LBC လူ ငယ်များက ဓမ္မတေးဖြင့်ဂုဏ်တော် ကိုချီးမွမ်းခြင်း၊ ဆရာ Rev. ဦးယောဆက်က အစားအသောက် များစားသုံးနိုင်ရန်အတွက်ဆုတောင်း ပေးခြင်း၊ ''နားထောင်ကောင်း ကင်သားကြွေးကြော်'' ဓမ္မသီချင်း ကို ဓမ္မဆရာ၊ ပြည်ခိုင်ဖြိုးအဖွဲ့ များနှင့် ဧည့်သည်များက အတူ တကွသီဆိုကြခြင်း၊ ထို့နောက် 'Merry X'mas to you '' Happy X'mas to you '' သီချင်းကို ကြွ ရောက်လာသော(ပါတီဝင်)ပရိသတ် ၆ဝဝ တို့မှ သံပြိုင်သီဆိုခြင်း ဖြင့် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည် နယ်၊ ခရိုင်၊ မြို့နယ်တို့၏ စုပေါင်း ခရစ္စမတ်ပွဲအောင်မြင်စွာ ပြီးဆုံး ခဲ့သည်။
အခမ်းအနားသို့ ကချင်ပြည် နယ်ပါတီဥက္ကဋ္ဌဦးရာဝမ်းဂျုံ၊ ပြည် နယ်ပါတီအတွင်းရေးမှူးဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှပါတီဥက္ကဋ္ဌ နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရစ်ယာန်အသင်းတော်များ၏ဆရာ တော်များ၊ ပါတီဝင်များအပါအဝင် စုစုပေါင်းအင်အား ၆ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။