မတရားဖမ်းဆီးခံရသော
ရတနာပုံတက္ကသိုလ်ကျောင်းသားများကို
ပြန်လွှတ်ပေးရန် သတိပေးထုတ်ပြန်
မေနဒီမြနွယ်
Sunday, 30 December 2018
ကျောင်းသားထု အခွင့်အရေးအတွက် တရားမျှတစွာ တိုက်ပွဲဝင် နေစဉ် မတရားဖမ်းဆီးခံရသော ရတနာပုံတက္ကသိုလ်ကျောင်းသားများ အား ပြန်လည်လွှတ်ပေးရန် မြင်းခြံခရိုင် ကျောင်းသားများသမဂ္ဂမှ ပြင်းထန်စွာသတိပေးကြောင်းအပါအဝင် သဘောထားထုတ်ပြန်ချက်ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။အဆိုပါ ထုတ်ပြန်ချက်တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများ အား ပြန်လွှတ်ပေးခြင်းမရှိပါက နောက်နောင်ဖြစ်လာမည့်ကိစ္စအရပ် ရပ်သည် အာဏာပိုင်တို့၏ တာဝန် သာဖြစ်ကြောင်းပါရှိသည်။
ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ စွဲကိုင်ခဲ့သော အမျိုးသားရေး၊ ဒီမို ကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာ ကွယ်ရေးနှင့် ငြိမ်းချမ်းရေးဟူသော မူဝါဒငါးချက်မှတစ်ချက်အပါအဝင် ဖြစ်သည့် ကျောင်းသားထုအခွင့် အရေးအတွက်တရားမျှတစွာတိုက်ပွဲ ဝင်နေသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်း သားများကို အတင်းအဓမ္မ ဖမ်းဆီး ခြင်းအားမိမိတို့မြင်းခြံခရိုင်ကျောင်း သားများသမဂ္ဂအဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းယင်းထုတ် ပြန်ချက်တွင်ပါရှိသည်။