images
UN
UN
မျက်စိအတွင်းတိမ်ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်မှုပြုလုပ်ပေး
တင်စိုး(ပဲခူး) Monday, 31 December 2018
မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းဒေသကြီး (၄) ပဲခူးမြို့၌ ယနေ့ နံနက် ၉နာရီ တွင် ၂ဝ၁၉နှစ်သစ်ကို ကြိုဆို သောအားဖြင့် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစမ်းသပ်စစ်ဆေးချက် အရ ခွဲစိတ်ရန်လိုအပ်သော မျက်စိ အတွင်းတိမ်ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်မှုပြုလုပ်ပေးကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မျက်ခမ်း စပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဒေသကြီး(၄)ပဲခူးမှ ဒေသ ဆိုင်ရာ မျက်စိအထူးကုဆရာဝန် ကြီး ဒေါက်တာကိုဦး ဦးဆောင် သောမျက်စိကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့နှင့်ဂျင်ဗောဓိပရဟိတ အလင်းအလှူ (မြဝင်းဖြာကုမ္ပဏီ) တို့ပူးပေါင်း၍ ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ တိုက်နယ် ဆေးရုံသို့သွားရောက်ပြီး မျက်စိနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြရာ တွင် မျက်စိဝေဒနာရှင် ပေါင်း ၂၁၅ဦးအား အသေးစိတ်စမ်းသပ် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အကြီး စားခွဲစိတ်ကုသရန် လိုအပ်သည့် အတွင်းတိမ်ဝေဒနာရှင် ၆၉ ဦးနှင့် မျက်သားတက်လူနာ ၃၂ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရ သည်။
ယင်းတို့အနက်မှ ခွဲစိတ်ကုသ ရန်လိုအပ်သည့်အတွင်းတိမ်ဝေဒနာ ရှင် ၆၉ ဦးနှင့် မျက်သားတက် လူနာ ၃၂ဦးတို့အား အခမဲ့ခွဲစိတ် ကုသမှုပြုလုပ်ပေးခြင်း၊ ခွဲစိတ်ပြီး လူနာများအား မျက်စဉ်းခတ်ပေး ခြင်း၊ မျက်မှန်တပ်ပေးခြင်း၊ မျက် စိကျန်းမာရေးနှင့်ပတ်သက်၍အသိ ပညာပေးခြင်းများ ပြုလုပ်ပေးကြ ကြောင်း သိရသည်။