images
UN
UN
၂ဝ၁၈ ၏နေဝင်ဆည်းဆာကြည့်ရန် ပုဂံရှိတောင်ကုန်းများပေါ်တွင် ခရီးသွားများစည်ကား
Monday, 31 December 2018


နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်း ပြည်ပခရီးသွားများနှင့် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်ရှိသမိုင်းဝင်ဘုရားပုထိုးများ၊ သမိုင်း ဝင်သာသနိကအဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူ များပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ် ထားသည့် တောင်ကုန်း(တု)များပေါ် တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုသူ များ တိုးမပေါက်အောင်များပြားနေ ကြောင်းသိရသည်။
ပုဂံ-ညောင်ဦးဒေသသို့လာရောက် လည်ပတ်သူများအနေဖြင့်
ချမ်းအေးသည့်ဆောင်းရာသီကိုခံစားရင်း စေတီပုထိုးများကြား မြင်းလှည်းငှားစီး သည့် ဘုရားဖူးဧည့်သည်များ၊ စက်ဘီးဖြင့် သွားသည့် ပြည်ပပြည်တွင်း ခရီးသွားများ ကားကြီး၊ ကားလေး၊ E-Bike ဘက်ထရီ ဘီးစီးပြီး ရှေးဟောင်းစေတီပုထိုး၊ သာသနိ က အဆောက်အအုံများ လေ့လာကြသည့် ပြည်ပဧည့်သည်များ၊ ပြည်တွင်းဘုရားဖူး များ အထူးစည်ကားနေကြောင်းသိရသည်။
ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့် ရန် ညအိပ်လာခဲ့ကြောင်း၊ ပုဂံ-ညောင်ဦး ဒေသရှိဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတို့ တွင်တည်းစရာနေစရာမရှိအောင် ပြည့်ကုန် ကြောင်းနှင့်နီးစပ်ရာဘုန်းတော်ကြီးကျောင်း များ၌တည်းကာ ပုဂံနေဝင်ဆည်းဆာကို လာကြည့်ကြောင်း၊ နေဝင်ဆည်းဆာကြည့် သည့် ကုန်းမြင့်ပေါ်တွင်လည်း နေဝင် ဆည်းဆာကြည့်ရှုသူ အင်မတန်များပြားနေ ကြောင်း၊ ကားများ၊မော်တော် ဆိုင်ကယ် များ၊ E-Bikeများ၊ စက်ဘီး၊ မြင်းလှည်း များ၊ သုံးဘီးဆိုင်ကယ်(အရပ်အခေါ်တုတ် တုတ်)များကြောင့် မြေသားလမ်းတစ် လျှောက်မြင်ရသည့် ဖုန်လုံးကြီးများသည် လည်းကုန်းမြင့်ပေါ်မှနေဝင်ဆည်းဆာကြည့် ရသည့်အရသာ တစ်မူထူးခြားနေကြောင်း မန္တလေးမြို့မှဘုရားဖူးရင်းနေဝင်ဆည်းဆာ ကြည့်ရန်ရောက်ရှိနေသည့် ကိုဝေဇင်လတ် က ပြောပြသည်။
ကိုထိန်(ငါ့သရောက်)