images
UN
UN
မြို့နယ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပွား မပေါ်ပေါက်စေရေး အသိပညာပေးဟောပြော
ဇော်ဇော်(မြို့သစ်) Tuesday, 01 January 2019
မကွေးတိုင်းဒေသကြီး မြို့သစ် မြို့နယ် စစ်တလင်းကျေးရွာအုပ်စု ဖန်းခါးပင်ကျေးရွာနှင့် ဆည်လည် အုပ်စုအိုးကုန်းကျေးရွာတို့တွင် မြို့ နယ်မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီး မှူးနှင့်အဖွဲ့သည် မီးလောင်မှု၊မီးလန့် မှုမဖြစ်ပွားစေရေး မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟော ပြောမှုများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါကျေးရွာများ တွင် မီးဘေးကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရ သည်။
ယခုအချိန်အခါသည် ပူပြင်း ခြောက်သွေ့သော ပွင့်လင်းရာသီ သို့ရောက်ရှိလာပြီဖြစ်၍ မီးမဆင် မခြင်မသုံးစွဲရန်နှင့်မီးပေါ့ဆမှုမရှိစေ ရေးမီးပေါ့ဆသူတစ်ဦးတစ်ယောက် ကြောင့် တစ်အိမ်မှတစ်ရွာလုံး မလို လားအပ်ဘဲ ဆုံးရှုံးမှုများ ဖြစ်ပွား သွားနိုင်ကြောင်း၊ မီးဘေးအန္တရာယ် များမဖြစ်ပွားမပေါ်ပေါက်စေရန်မီးသုံး စွဲပါက အထူးအလေးထားမပေါ့ဆ သင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှုမီးလန့်မှု မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင် ဖြိုးနှင့်အဖွဲ့သည် မြို့နှင့်အလှမ်းကွာ ဝေးပြီး မီးသတ်ကားများ အလွယ် တကူ ဝင်/ထွက်ရန်ခက်ခဲသော စစ်တလင်းအုပ်စု ဖန်းခါးပင်ကျေး ရွာမှပြည်သူများ၊ ဆည်လည်အုပ်စု အိုးကုန်းကျေးရွာမှ ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောပြီး ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြော ကြားခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၅ဝ ဦးတို့အား မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေးဆောင် ရွက်မှုများ ဟောပြောလျက်ရှိ ကြောင်း၊ ကျန်ရှိသည့်ကျေးရွာ များကိုလည်း စီမံချက်ရေးဆွဲကာ ဦးစားပေးကျေးရွာများသို့ အဖွဲ့ခွဲ ကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။