images
UN
UN
မျက်စိအလင်းအလှူအောင်မြင်စွာပြီးစီး မျက်စိခွဲစိတ်ဝေဒနာရှင်များအား အလှူရှင်မိသားစုက မျက်မှန်နှင့်ဆေးဝါးများထောက်ပံ့လှူဒါန်း
ကိုနေ(ကျောက်ပန်းတောင်း) Tuesday, 01 January 2019
မန္တလေးတိုင်းဒေသကြီးညောင် ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင်ကျင်းပလျက်ရှိသည့် နဒီရွှေဝါမိသားစု၏ မျက်စိအလင်း အလှူပွဲကို ဒီဇင်ဘာ၂၉ ရက်မှ၃၁ ရက်နေ့အထိသုံးရက်တိုင်တိုင်ကျင်းပ ခဲ့ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်၊ခွဲစိတ်ခြင်းများဆောင် ရွက်ပေးခဲ့ပြီး ယနေ့ နံနက်၁ဝနာရီ တွင် မျက်စိခွဲစိတ်ပြီးဝေဒနာရှင်များ အားအလှူရှင်မိသားစုနှင့် တာဝန်ရှိ သူများက မျက်မှန်များနှင့်ဆေးဝါး များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေနဒီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင်ကျောင်းဒါယကာကြီးဦးစိုးသိန်း၊ ကျောင်းဒါယိကာမကြီး ဒေါ်ဆင်နု မိသားစုများဖြစ်သော နဒီရွှေဝါ ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ကျောက် ပန်းတောင်းမြို့နယ်နှင့်အနီးဝန်းကျင် မြို့ရွာများမှ မျက်စိဝေဒနာရှင်များ မျက်စိအလင်းအလှူအဖြစ်သုံးရက် တိုင်တိုင်အခမဲ့စမ်းသပ်၊ ခွဲစိတ်ခြင်း များဆောင်ရွက်ပေးခဲ့ရာ ကျောက် ပန်းတောင်းမြို့နယ်၊ နတ်မောက်မြို့ နယ်၊ ချောက်မြို့နယ်၊ ညောင်ဦးမြို့ နယ်များမှ မျက်စိဝေဒနာရှင်များ လာရောက်ကုသမှုခံယူခဲ့ကြကြောင်း သိရသည်။ မျက်စိလာရာက်ပြသ ကြသူများအနက်မှ ခွဲစိတ်ရန်မလို အပ်သူများကို ပါဝါမျက်မှန်လိုအပ် ပါကပါဝါမျက်မှန်များပေးအပ်ခြင်း၊ ဆေးဝါးလိုအပ်သူများကို ဆေးဝါး ထောက်ပံ့ခြင်းများပြုလုပ်ပေးခဲ့ပြီး ခွဲစိတ်ရန်လိုအပ်သူများကို မျက်စိ အထူးကုခွဲစိတ်ပါရဂူကြီးများဖြင့် ကျောက်ပန်းတောင်းဆေးရုံမျက်စိ ခွဲစိတ်ကုသဆောင်တွင်တစ်ပါတည်း ခွဲစိတ်ကုသပေးခြင်းဖြစ်သည်။ မျက်စိ ခွဲစိတ်ကုသခြင်းကို ၁၁ပါးမြောက် တိပိဋကဓရဆရာတော်ဦးဆောင် သော တိပိဋကစက္ခုပါလအဖွဲ့မှ မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းဦးဆောင်ကာ အကြိမ်(၃ဝ)မြောက်အဖြစ် မျက်စိ လူနာများအား အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးခြင်းဖြစ်ကြောင်းနှင့်အဆို ပါအဖွဲ့၏ သွားလာနေထိုင်ရေး၊ စားသောက်ရေးနှင့်လူနာများအတွက် နေထိုင်စားသောက်ရေး၊လိုအပ်သည့် ဆေးဝါးများနှင့်ပတ်သက်သောကုန် ကျစရိတ်များကို နဒီရွှေဝါကုမ္ပဏီ မိသားစုနှင့် မိတ်ဖက်အလှူရှင်များ ပူးပေါင်းအကုန်အကျခံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမျက်စိခွဲစိတ်ကုသမှုတွင် သုံးရက်တာကာလအတွင်း ပြင်ပ လူနာပေါင်း ၁၉၉၇ ဦး၊ အကြီးစား ခွဲစိတ်လူနာပေါင်း ၂၇၅ ဦးနှင့် အသေးစားခွဲစိတ်လူနာနှစ်ဦးရှိကြောင်း သိရပြီး မျက်မှန်လိုအပ်သည့်လူနာ ၉၉၃ ဦးကို မျက်မှန်များထောက်ပံ့ ပေးအပ်ခဲ့ပြီး မျက်စဉ်းဆေးလိုအပ် သည့် လူနာ ၇၂၇ ဦးကိုမျက်စဉ်း ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးနေ့ တွင် ပထမနေ့နှင့်ဒုတိယနေ့မျက်စိ ခွဲစိတ်ဝေဒနာရှင်လူနာများအားအလှူ ရှင်ဦးစိုးသိန်း၊ ဒေါ်ဆင်နုမိသားစု ဝင်များနှင့်မိတ်ဖက်အလှူရှင်များက နေကာမျက်မှန်များ၊နောက်ဆက်တွဲ အသုံးပြုရမည့်ဆေးဝါးများကို ပေး အပ်လှူဒါန်းခဲ့ကြပြီး လူမှုကူညီရေး အသင်းအဖွဲ့လူငယ်မောင်မယ်များက နေ့လယ်စာထမင်းများလိုက်လံဝေငှ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။