images
UN
UN
ဂျပန်နိုင်ငံသား နာဆူကာဝါကို မေဝယ်သာ အလဲထိုးဖြင့်အနိုင်ရ
Tuesday, 01 January 2019
အမေရိကန်လက်ဝှေ့ကျော် မေဝယ်သာသည် ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် စိန်ခေါ် ပွဲ၌ ကစ်ဘောက်ဆင်ချန်ပီယံ နာ ဆူကာဝါအား ပထမအချီ၌ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်ညတွင် ယှဉ် ပြိုင်ထိုးသတ်ခဲ့သည့် အဆိုပါပွဲစဉ် ကို သုံးချီယှဉ်ပြိုင်ရန် စီစဉ်ထား ခဲ့ခြင်းဖြစ်သော်လည်း ပထမအချီ ၌ပင် နာဆူကာဝါသည် သုံးကြိမ် အထိ လဲကျခဲ့ပြီး အရှုံးပေးခဲ့ရခြင်း လည်းဖြစ်သည်။
နာဆူကာဝါသည်ခြေထောက် အသုံးပြုမှုတွင် ထူးချွန်သူဖြစ်သော် လည်း ယခုပြိုင်ပွဲသည် မေဝယ် သာ အားသာသည့် လက်ဝှေ့သီး သန့်ပြိုင်ပွဲဖြစ်၍ အရေးနိမ့်ခဲ့ရသည့် အပြင် မေဝယ်သာ၏လက်သီးထိုး အားကိုလည်း ရင်ဆိုင်နိုင်ခဲ့ခြင်း မရှိ၍ ပထမအချီ၌ပင် အလဲထိုးခံ ခဲ့ရခြင်းလည်းဖြစ်သည်။ မေဝယ် သာသည် ယခုပွဲကို အနိုင်ရခဲ့၍ အမေရိကန်ဒေါ်လာ ကိုးသန်း ဆု ကြေးရခဲ့သည်။
Ref ;Dailymail