images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြား
Tuesday, 01 January 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြား ခဲ့သည်။
အဆိုပါနှုတ်ခွန်းဆက်စကားတွင် ''ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ၂ဝ၁၉ ခုနှစ် နှစ်သစ်အခါသမယမှာ မင်္ဂလာ အပေါင်းနဲ့ပြည့်စုံပါစေလို့ ကျွန်တော်နှုတ်ခွန်းဆက်သအပ်ပါတယ်။ လူသား အားလုံးဟာ မိမိဘဝတိုးတက်ဖို့အတွက် လုပ်ကိုင်စားသောက်ဖို့လိုအပ်ကြသလို အားလုံးဟာလည်းအေးအေးချမ်းချမ်းနဲ့နေထိုင်လိုတဲ့ဆန္ဒရှိကြပါတယ်။ဒီလူသား အားလုံးရဲ့ဆန္ဒ ပြည့်စုံစေဖို့အတွက် ကျွန်တော်တို့တပ်မတော်အနေနဲ့ မိဘပြည်သူ များအားလုံးနဲ့လက်တွဲဆောင်ရွက်သွားကြမှာဖြစ်ကြောင်း ကျွန်တော်ပြော ကြားလိုပါတယ်။မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ကြပါစေကြောင်းထပ်မံဆုမွန်ကောင်းတောင်းပါတယ်''ဟု ဖော်ပြပါရှိသည်။