images
UN
UN
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပ
နိုင်လင်း(KGD) Friday, 04 January 2019
၂ဝ၁၉ ခုနှစ် (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲများကို ယနေ့ နံနက် ၈ နာရီက ကန်ကြီးထောင့်မြို့ မြို့မပြည်သူ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ သံပုံးရိုက်၊ အာလူးကောက်၊ ဆန်ကောရွက်၊ ခြေသုံးချောင်းထောက်ကစား နည်းများပါဝင်ကာ ကလေးလူငယ်များနှင့် ပြည်သူများမှ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။