images
UN
UN
မြိတ်တွင် လွတ်လပ်ရေးနေ့ အလံလွှင့်ထူသူမရှိသလောက်နည်းလာ
Dawei Watch Saturday, 05 January 2019
မြိတ်မြို့နယ်အတွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အလံ လွှင့်ထူသူ တစ်နှစ်ထက် တစ်နှစ် နည်းပါးလာရာ ယခုနှစ်တွင် မရှိ သလောက်နည်းသွားကြောင်း မြို့ခံတချို့ထံမှ သိရသည်။ ဇန်နဝါရီ ၄ ရက်က ကျရောက် သည့် ၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား အစိုးရဌာနများတွင်သာ လွှင့်ထူသည်ကိုတွေ့ ရကြောင်း ၄င်းတို့က ပြောသည်။
''ခုကအိမ်ခြေ ၁ဝဝ မှာ တစ်အိမ်တောင် မရှိကြတော့ဘူး။ တာဝန်ရှိတဲ့ အုပ်ချုပ်ရေး မှူးတွေက နှိုးဆော်ဖို့လိုတာပေါ့''ဟု မြိတ်မြို့ မြို့သစ်ရပ်ကွက်နေဦးလှိုင်တင်ကပြောသည်။
ပြီးခဲ့သည့် ငါးနှစ်ခန့်က တစ်ရပ်ကွက် လျှင် ငါးအိမ်ခန့်အလံ လွှင့်ထူကြသည်ကို တွေ့ရကြောင်း မြိတ်မြို့ခံတချို့ကပြောသည်။
လွတ်လပ်ရေးနေ့တွင်အလံ လွှင့်ထူခြင်း မရှိသလောက်နည်းသွားသော်လည်း အာဇာ နည်နေ့တွင်မူ မြို့ပေါ်ရှိရပ်ကွက်များတွင် အလံတစ်ဝက်လွှင့်ထူသူများဆဲ ဖြစ်သည်ကို သတိထားမိကြောင်း မြိတ်မြို့ ဇေယျာသီရိ ရပ်နေ ဆိုင်ကယ်အငှားယာဉ်မောင်း ဦးနိုင်က ပြောသည်။
နိုင်ငံတော်အလံများကို ဌာနဆိုင်ရာနှင့် ငါးဖမ်းလှေလုပ်ကိုင်ကြသူများသာ အဝယ် များပြီး အိမ်၌ လွှင့်ထူရန် လာဝယ်ကြသူမရှိ သလောက်နည်းပါးကြောင်း မြိတ်မြို့ပေါ်ရှိ အလံနှင့် စာရေးကိရိယာ ရောင်းချသည့်ဆိုင် တချို့ထံမှ သိရသည်။
''အာဇာနည်နေ့မတိုင်ခင်တော့ နည်း နည်းပါးပါး ရောင်းချရတာမျိုးပဲရှိတယ်'' ဟု ဈေးတန်းရပ် ဝါဝါဝင်းစာရေးကိရိယာ ဆိုင်မှ ကိုပိုင်လင်းဦးက ပြောသည်။
၇၁နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် ရပ်ကွက်အများစုနှင့် ကုမ္ပဏီ အချို့၌ အားကစားပြိုင်ပွဲအမျိုးမျိုးကို ယင်း နေ့မတိုင်မီ တစ်ပတ်ခန့်မှစ၍ ကျင်းပကြ သည်။