images
UN
UN
မြန်မာနိုင်ငံရုပ်သံနယ်ပယ်တွင် ပညာရှင်များ အသုံးအများဆုံး Sony ရုပ်သံနည်းပညာပစ္စည်းအမျိုးမျိုး ခင်းကျင်းပြသသွားမည်
ရွှေရောင် Sunday, 06 January 2019
မြန်မာနိုင်ငံရုပ်သံနယ်ပယ်တွင် ပညာရှင်များ အသုံးအများဆုံး Sony အမှတ်တံဆိပ် ကင်မရာအမျိုးမျိုးနှင့် ရုပ်မြင်သံကြားလွှင့်ထုတ်သည့် နည်းပညာပစ္စည်းများအားပြသမည့် Sony Broadcast & Professional Solutions Event 2019 ကို ယခုလ ၁ဝ ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ Novotel Yangon Max ၌ ကျင်းပသွားမည်ဖြစ်သည်။
TMW Professional Solutions မှ အများပြည်သူများနှင့် ရုပ်သံ ထုတ်လုပ်သည့်လုပ်ငန်းများမှ ပညာရှင်များအတွက် တစ်နေရာတည်း တွင် ပစ္စည်းအမျိုးအစားမျိုးစုံအား လက်တွေ့ကြည့်ရှု လေ့လာစမ်းသပ် နိုင်မည့် အထူးပြပွဲတစ်ရပ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ပြပွဲအခမ်း အနားတွင် ရုပ်သံ၊ ရုပ်ရှင်နှင့် မီဒီယာလုပ်ငန်းသုံး နောက်ဆုံးပေါ်Sony ကင်မရာမျိုးစုံနှင့် ရုပ်သံပစ္စည်းများ၊ မော်နီတာနှင့် အခြားဆက်စပ်ပစ္စည်း မျိုးစုံကို တစ်နေရာတည်းတွင် စမ်းသပ်ကြည့်ရှုနိုင်ရန် ပြသသွားမည်ဖြစ် သည်။
ပြပွဲတွင် ကမ္ဘာကျော်ရုပ်ရှင် Avatar အပိုင်း(၂)နှင့် အပိုင်း(၃)ကို ရိုက်ကူးမည့် Sony Venice ကင်မရာကိုလည်း မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအဖြစ် စိတ်ဝင်စားသူ ပညာသည်များ မည်သူမဆိုစမ်းသပ်ရိုက်ကူး ကြည့်ရှုလေ့လာနိုင်ရန်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။