images
UN
UN
မြန်မာနိုင်ငံအတွင်း၌ ဝန်ဆောင်မှုများ ဆက်လက်တိုးချဲ့ရန် Viettel ပြင်ဆင်
NG Sunday, 06 January 2019
ဗီယက်နမ်နိုင်ငံအခြေစိုက်ဆက် သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Viettel သည် မြန်မာနိုင်ငံအတွင်း ၌ ပေးအပ်လျက်ရှိသောဝန်ဆောင် မှုများအားတိုးချဲ့ရန် ပြင်ဆင်လျက် ရှိကြောင်း အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ပြော ကြားခဲ့သည်။
Viettel ကုမ္ပဏီသည်မြန်မာ နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းကာ MyTel ဟုအမည်ပေးထားသောမိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြီးခဲ့သည့်နှစ် ဇွန်လတွင်စတင် ပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်ခဲ့ ရာတွင် မျှော်မှန်းထားသည်ထက် ပိုသောသုံးစွဲသူအရေအတွက်အား ကာလတိုအတွင်းရရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဈေးကွက်သည် Viettel အတွက် အလားအလာကောင်း များစွာရှိနေသော ပြည်ပဈေးကွက် တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ သည်။ လက်ရှိအချိန်၌ MyTel ၏ဝန်ဆောင်မှုများအား မြန်မာ နိုင်ငံအတွင်း၌အသုံးပြုနေသည့် သုံးစွဲသူဦးရေမှာ ငါးသန်းခန့်ရှိနေ ကာလာမည့်လပိုင်းများအတွင်း နှစ်ဆခန့် မြင့်တက်လာမည်ဟု လည်း Viettel ကုမ္ပဏီ ဘက်မှ မျှော်လင့်ထားသည်။ MyTel ၏ ဝန်ဆောင်မှုများထဲတွင် တယ်လီ ဖုန်းပြောဆိုခနှုန်းထားများအားပြော ဆိုသည့် စက္ကန့်ဖြင့်သာ ကောက် ခံခြင်းကဲ့သို့ မြန်မာနိုင်ငံတွင် ပထမဆုံးရရှိခဲ့သည့်ဝန်ဆောင် မှုများပါဝင်ခဲ့၍ ကာလတိုအတွင်း သုံးစွဲသူမြင့်တက်လာခဲ့ခြင်းဖြစ် သည်။