images
UN
UN
AA သောင်းကျန်းသူအဖွဲ့က အကွက်ကျကျစီစဉ်ပြီးတော့ ကျွန်တော်တို့နဲ့ ရခိုင်ပြည်နယ်ကို တည်ငြိမ်မှုမရှိအောင် နောက်ကျောကနေ ဓားနဲ့ထိုးတဲ့သဘောလို့မြင်ပါတယ်
Sunday, 06 January 2019
ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက် ၆ နာရီခန့်တွင် နစခ-၃ လက်အောက်ခံ ကျောင်းတောင် ရဲကင်းစခန်း၊ ဂုပ္ပီရဲကင်းစခန်း၊ ခထီးလှရဲကင်းစခန်း၊ ငမြင်းဘော် ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့် ဖြစ်စဉ်တွင် ငမြင်းဘော်ရဲစခန်းမှ တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ကျောင်းတောင်ရဲစခန်းမှ ရဲတပ်သား နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရ၊ ဂုပ္ပီရဲစခန်းမှ သုံးဦးဒဏ်ရာရ၊ ခထီးလှရဲစခန်းမှ ရဲတပ်သားနှစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရခဲ့ပြီး နယ်ခြားစောင့်တပ်ရင်းမှ ဘူးသီးတောင်မြို့နယ် တောင်ပဇားနယ်မြေ ရဲစခန်းတွင်အကြမ်းဖက်မှုဥပဒေပုဒ်မအပြင် လက်နက်ဥပဒေပုဒ်မဖြင့် AA သောင်းကျန်းသူအဖွဲ့အား အမှုဖွင့်ထားပြီး ယမန်နေ့က သတင်းမီဒီယာများအား အဆိုပါ စခန်းလေးခုသို့ ခေါ်ယူပြသရှင်းလင်းခဲ့သည်။ ယနေ့တွင် အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး ကွပ်ကဲရေးမှူးရဲမှူးချုပ်မြင့်တိုးက မီဒီယာများနှင့်တွေ့ဆုံကာ အောက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့သည်။

ငမြင်းဘော်စခန်းကတော့ ငမြင်း ဘော်ရွာရဲ့ အနောက်ဘက်ထိပ်၊တောင် ဘက်ထိပ်နဲ့ အနောက်တောင်ဘက်ထိပ်ရှိ ပြီးတော့ စခန်းကုန်းလေးကတောင်ကုန်း အမြင့်ပေါ်မှာတင်ထားတာ။ သူရဲ့အရှေ့ မှာတော့ တောင်ကြောဆက်လေးတွေ ရှိ တယ်။ငမြင်းဘော်စခန်းကိုတိုက်တဲ့အခါ မှာ အင်အားအလုံးအရင်းနဲ့ နောက်တစ်ခါ မြောက်ဘက်၊ နောက်တစ်ခါ တောင် ဘက်ပေါ့နော်။ဝိုင်းပြီးတော့ အင်နဲ့အားနဲ့ ဝင်ရောက်တိုက်ခိုက်တဲ့အနေအထားဖြစ် ပါတယ်။ လက်နက်ကြီး၊လက်နက်ငယ် မျိုးစုံအင်အား ၁ဝဝ ၊ ၁ဝဝ ကျော် လောက်နဲ့ ဝင်ရောက်တိုက်တာဖြစ်ပါ တယ်။ နောက်ဆုံးအချိန်ထိ တစ်နာရီ လောက်ခုခံတိုက်ခိုက်ပြီးတော့မှ အခြေ အနေအရဆုတ်ခွာရတဲ့ အနေအထား ဖြစ်ပါတယ်။
ကျွန်တော်တို့စခန်းတွေကို တိုက်ခိုက် တာနဲ့ပတ်သက်ပြီး သီးခြားစီစဉ်ပြီး အကွက်ကျကျ တိုက်ခိုက်တာဖြစ်ပါ တယ်။တပ်မတော်က လက်နက်ကြီးနဲ့ ပစ်တာတွေလည်း ငမြင်းဘော်စခန်းမှာမရှိ ခဲ့ပါဘူး။ တိုက်ပွဲဖြစ်ပြီးတော့မှပဲ စစ်ကူ၊ ပစ်ကူလုပ်တာဖြစ်ပါတယ်။ ငမြင်းဘော် စခန်းကို ကျွန်တော့်ဆီက နယ်ခြားစောင့် တပ်ဖွဲ့ဝင် ရှစ်ဦးက စစ်ကြောင်းမှူးဦးစီး ပြီး ပြန်လည်သွားရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ကျောင်းတောင်ရဲစခန်းကိုတော့ တပ်မ တော်ကစစ်ကူပေးပြီးသွားရောက်ရှင်း လင်းခဲ့တာဖြစ်ပါတယ်။ငမြင်းဘော်စခန်း ကို တပ်မတော်ကလက်နက်ကြီးနဲ့ ပစ် တယ်ဆိုတာမရှိပါဘူး။ဒီသူတို့ တိုက်ခိုက် ပြီးတဲ့အခါမှ လက်နက်ကြီးနဲ့ စစ်ကူလိုက် တာလေးပဲရှိပါတယ်။
မေး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒါကတော့ရှင်းပါတယ်။ တပ်မ တော်နဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့က
ပူးပေါင်းပြီးရခိုင်ပြည်နယ် နယ်မြေလုံခြုံဖို့ ကာကွယ်ပေးဖို့ဆောင်ရွက်တာ၊ ပေါင်းစပ် ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်ဖက်က ARSA အကြမ်းဖက်ရန် ကနေ တိုးဝင်ပြီးတော့ မိမိရခိုင်ပြည်နယ် ကို တိုးဝင်နှောင့်ယှက်လာနိုင်တယ်ဆို တာကို ဦးတည်ဆောင်ရွက်တဲ့အခါမှာ AA သောင်းကျန်းသူအဖွဲ့က အကွက် ကျကျစီစဉ်ပြီးတော့ ကျွန်တော်တို့ရဲ့ရခိုင် ပြည်နယ်တည်ငြိမ်မှုမရှိအောင် နောက် ကျောကနေ ဓားနဲ့ထိုးတဲ့သဘောလို့ မြင် ပါတယ်။လုပ်သင့်သလားဆိုတာကို ဆရာ တို့စဉ်းစားကြည့်လို့ရပါတယ်။ တပ်မ တော်စစ်ကြောင်းတွေ တခြားတာဝန်ထမ်း ဆောင်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အင်အား အလုံးအရင်းသုံးပြီး လာရောက်တိုက်ခိုက် သွားတဲ့အနေအထားဖြစ်ပါတယ်။နိုင်ငံ ရေးအမြတ်ထုတ်တယ်လို့ထင်ပါတယ်။

မေး။ ဒီဖြစ်စဉ်မှာ အရပ်သား ထိခိုက် သေဆုံးမှုရှိပါသလားခင်ဗျ။
ဖြေ။ အဲဒါတော့ မရှိပါဘူး။ မကြား မိပါဘူးခင်ဗျ။
မေး။ ကြိုတင်သတင်းရတာမျိုးကော မရှိခဲ့ဘူးပေါ့။ တိုက်ခိုက်မယ်ဆို တာကို။
ဖြေ။ ကြိုတင်သတင်းရတဲ့အတွက် ခံ
စစ်တွေ ကြိုတင်ပြင်ဆင်ထား
ပြီးသားပါ။ အရပ်သားသတင်း၊ ထောက် လှမ်းရေးက ရရှိတဲ့သတင်း၊ ဒါတွေ ကြောင့် ကြိုတင်ပြီး လေး၊ငါးရက်က လောက်ကတည်းကကြိုတင်ပြင်ဆင်ထား တာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီက အသင့်ပြင်ထားတဲ့အနေအထား ဖြစ်ပါ တယ်။အစွန်အဖျားဖြစ်တဲ့အတွက် အသင့် ပြင်ပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ဆောင်ရွက်နေတဲ့အနေအထားဖြစ်ပါတယ်။
မေး။ နောက်ထပ် တိုက်ခိုက်မယ်ဆို တဲ့ သတင်းရထားတာရောရှိပါ သလား။
ဖြေ။ အဲဒါတော့ သတင်းရထားတာရှိပါ တယ်။ တစ်ကြိမ်လောက် တိုက်
ထားရင် နောက်တစ်ကြိမ်လည်း ထပ် တိုက်မယ်ဆိုတဲ့ သဘောထားတွေရှိပါ တယ်။ ပြင်ဆင်နေတယ်လို့ ကျွန်တော်တို့ သတင်းရရှိပါတယ်။
မေး။ ဒီစခန်းရဲ့အခြေအနေနဲ့ လက် နက်အင်အားကရော အဲဒီဒေသ အတွက် လုံလောက်တယ်ထင် ပါသလား။
ဖြေ။ လုံလောက်ပါတယ်။ ကျွန်တော့် စခန်းတွေမှာ အင်အားလုံလောက်
အောင်ဖြည့်ဆည်းပြီးသားဖြစ်ပါတယ်။ လုံလောက်တဲ့အနေအထားဖြစ်ပါတယ်။လက်ရှိအနေအထားအရ လက်နက်ရော၊ အင်အားအလုံးအရင်းနဲ့၊သာလွန်အင်အားနဲ့ လာတိုက်ခိုက်တဲ့အနေအထားဖြစ်ပါတယ်။
မေး။ လုံလောက်တယ်ဆိုတာ ဘယ် အတိုင်းအတာနဲ့လုံလောက်တယ် လို့ ပြောလို့ရမလဲ။
ဖြေ။ ဒီနယ်မြေစိုးမိုးရတဲ့ အတိုင်း အတာနဲ့လုံလောက်ပါတယ်။ လုံ
လောက်အောင် ကျွန်တော်တို့က ဖြန့်ခွဲချ ထားပြီးသားဖြစ်ပါတယ်။
မေး။ နောက်တစ်ကြိမ်လာမယ်ဆိုရင် ဘယ်လိုပြင်ဆင်ထားမှု ရှိသလဲ ခင်ဗျ။
ဖြေ။ လာလည်းပဲ၊ကျွန်တော်တို့ သတင်း ထောက်လှမ်းရမယ်။ ကျွန်တော်
တို့နယ်မြေရှင်းလင်းရမယ်။ခံစစ်ကတော့ ကျွန်တော်တို့အကောင်းဆုံးပြန်လည်ပြင် ဆင်ထားပါတယ်။
မေး။ အမှုတွေဖွင့်ထားတယ်ဆိုတော့ ဘယ်လိုဆောင်ရွက်နေလဲသိချင်ပါ တယ်။
ဖြေ။ အမှုကတော့ ဖွင့်ထားပါတယ်။အကြမ်းဖက်မှုနဲ့လည်း ဖွင့်ထား
ပါတယ်။လက်နက်မှုနဲ့လည်း ဖွင့်ထားပါ တယ်။
မေး။ AA အပြင် အခြားပူးပေါင်း အဖွဲ့တွေရောပါတယ်လို့ထင်လား။
ဖြေ။ ဒါတော့ ကျွန်တော် အတိအကျ ပြောလို့မရဘူး။ ပါနိုင်တယ်ဆို
တာတော့။ အဓိကတော့ AA ပါပဲ။ ပါနိုင်တယ်ဆိုတာလည်း ကျွန်တော်တို့က တိတိကျကျပြောလို့မရပါဘူး။
(ဆက်လက်ဖော်ပြပါမည်)