images
UN
UN
ထားဝယ်မြို့အတွင်း ဘုရားဖူးကားများ ဓာတ်ကြိုးများနှင့် ထမင်းဆိုင်အခက်အခဲရှိ
Tuesday, 08 January 2019
ထားဝယ်မြို့တွင်းနေရာအချို့ တွင် ဓာတ်ကြိုးများနိမ့်နေခြင်းနှင့် ထမင်းဆိုင်မလုံလောက်ခြင်းတို့ ကြောင့် အခက်အခဲများကြုံတွေ့ရ ကြောင်း ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းအချို့ထံမှ သိရသည်။
ထားဝယ်မြို့တွင် ထမင်းဆိုင် နည်းသည့်အပြင် ရှိသည့်ဆိုင်များ မှာလည်းနေရာကျဉ်းမြောင်းသော ကြောင့် အခက်အခဲရှိသည်ဟု ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင် နှင့် ယာဉ်မောင်းတို့က ပြောသည်။
၎င်းအပြင်ထမင်းဆိုင်အချို့မှာ ပုံမှန်ထက်ဈေးပိုယူကြသည်ဟု လည်း ၄င်းတို့ကပြောသည်။
''ထမင်းဆိုင်တွေက ကား တစ်စီးထိုးလိုက်တာနဲ့ နေရာ မလောက်မငှ၊ ထားဝယ်ကိုလာနေ တာ အခေါက်ပေါင်းမနည်းတော့ ဘူး။ ထမင်းဆိုင်တွေက ဈေးက တစ်ခါနဲ့တစ်ခါမတူဘူး''ဟုမြန်မာ ပြည်အနှံ့ ဘုရားဖူးခရီးသည်ပို့ ဆောင်နေသည့်ရွှေသဇင်ယာဉ်လိုင်း ဂိတ်ပိုင်ရှင် ဦးရဲကပြောသည်။
၎င်းအပြင် ၁၃ပေခွဲအမြင့်ရှိ သည့်ကားကြီးများမှာ ထားဝယ် မြို့တွင်းတချို့နေရာများမှ လျှပ်စစ် မီးကြိုး၊ ဖုန်းကြိုးများနှင့်မလွတ် ကင်းသဖြင့်ရှောင်တိမ်းမောင်းနှင် နေရကြောင်း ဦးရဲကပြောသည်။
''ထားဝယ်မြို့မှာ တစ်ချက် စိတ်ညစ်တာက ကားနဲ့ဓာတ်ကြိုး မလွတ်ဘူး။ မလွတ်တော့မြင့်တဲ့ နေရာရှောင်မောင်းနေရတာပေါ့။ ငြိသွားရင်လည်းလျော်ရအုံးမှာ။ မြန်မာတစ်ပြည်လုံးသွားနေတာ ထားဝယ်မှာပဲ အဲဒီပြဿနာရှိ တာ။တခြားမြို့တွေမှာမရှိဘူး''ဟု ဦးရဲကပြောသည်။
လမ်းသွယ်များတွင်နေအိမ် များကိုကန့်လန့်ဖြတ်သွယ်တန်း ထားသည့်မီးကြိုးများနှင့်မလွတ် ကင်းသဖြင့် လမ်းသွယ်များထဲရှိ ထမင်းဆိုင်များကိုမဝင်နိုင်ဘဲ လမ်းမကြီးဘေးရှိထမင်းဆိုင်များ တွင်သာစောင့်ဆိုင်းထမင်းစား လေ့ရှိကြောင်း ရွှေရေစက်ဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်းမှယာဉ်မောင်း ဦးဌေးလွင်က ပြောသည်။
''လမ်းသွယ်ထဲကမီးကြိုး တွေမြှင့်ပေးနိုင်ရင်ပိုကောင်းမယ်'' ဟု ဦးဌေးလွင်ကပြောသည်။

ယင်းဘုရားဖူးကားများ လျှပ်စစ် မီးကြိုး၊ ဖုန်းကြိုးများနှင့် မလွတ် ကင်းသောကြောင့်ရှောင်တိမ်းမောင်း နှင်နေသည်နှင့်ပတ်သက်ပြီး ထား ဝယ်မြို့တွင်တာဝန်ထမ်းဆောင်နေ သည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ် ဦးကလည်း ထောက်ခံခဲ့သည်။
၎င်းယာဉ်ထိန်းရဲ၏အဆိုအရ ထားဝယ်မြို့ရှိ ဥတ္တံတားကြီးလမ်း ဆုံ၊ မီးသတ်လမ်းဆုံ၊ လမ်းဆုံကြီး၊ ကရပ်ပြင်လမ်းဆုံစသည့်နေရာတို့ တွင်ကားနှင့်ဓာတ်ကြိုးမလွတ်ခြင်း တို့ဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။
''ဖုန်ကြိုးတွေနဲ့ ကားကြီးတွေ နဲ့မလွတ်လို့ခဏခဏဖြေရှင်းပေး နေရတယ်။ အဓိကကတော့ဖုန်း ကြိုးအဟောင်းတွေကြောင့်ဖြစ်တာ ပါ''ဟု ၄င်းယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ကပြောသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက်မသုံးတော့သည့်ဖုန်းကြိုး အဟောင်းများကိုဖြုတ်သိမ်းကာ နိမ့်နေသည့် ဓာတ်ကြိုးများကို မြှင့် တင်ပေးရန်လိုအပ်နေကြောင်း အဆိုပါယာဉ်ထိန်းရဲကပြောသည်။
ယင်းကဲ့သို့ ဓာတ်ကြိုးများနိမ့် နေခြင်း၊ ထမင်းဆိုင်များမလောက် ငှခြင်းတို့ကြောင့် ဘုရားဖူးခရီး သည်များ အချိန်ကြန့်ကြာမှုများ ဖြစ်ပွားခြင်းတို့အပြင် မလိုအပ်ဘဲ ယာဉ်ကြောပိတ်ကျပ်တည်းမှုများ ဖြစ်ပေါ်လာကြောင်းကားသမားနှင့် သုံးဘီးသမားတချို့ကပြောသည်။
''ဖြစ်စေချင်တာကတော့ဓာတ် ကြိုးတွေမြှင့်ပေးစေချင်တယ်။ ထမင်းဆိုင်တွေဈေးမှန်ရောင်း စေချင်တယ်''ဟု ရွှေသဇင်ယာဉ် လိုင်းဂိတ်ပိုင်ရှင်ဦးရဲကပြောသည်။
ပွင့်လင်းရာသီတွင် ထားဝယ် သို့ဘုရားဖူးခရီးသည်များအမြောက် အမြားလာရောက်လေ့ရှိသည်။