images
UN
UN
MNDAA , TNLA အဖွဲ့တို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်တော့မည်
နေထက်ဝေ Tuesday, 08 January 2019
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်ရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ် ဆိုင်းခဲ့သော်လည်း MNDAA ၊TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေ ဖြင့်ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်း၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားကိုနှောင့်ယှက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုး စီးပွားကိုထိခိုက်အောင်ဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့သည်ကိုတွေ့ရှိရသောကြောင့် တပ်မတော်အနေဖြင့်ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးလိုအပ်သလို ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့သတင်းထုတ်ပြန်သည်။
''စားပွဲဝိုင်းပေါ်ပဲစကားများကြပေါ့။လက်နက်နဲ့ခိုက်ရန်ဒေါသကတော့မကောင်း ဘူးပေါ့''ဟု ကွမ်းလုံဒေသခံတစ်ဦးက ပြောသည်။
MNDAA လက်နက်ကိုင်အဖွဲ့များသည် ယခုလ ၆ ရက်တွင် ကွမ်းလုံမြို့နယ် အတွင်း လူသစ်စုဆောင်းမှုများ ပြုလုပ်နေသကဲ့သို့ TNLA လက်နက်ကိုင်တပ်ဖွဲ့များ သည်လည်း ယခုလ ၄ ရက်က နမ့်ခမ်းမြို့နယ်အတွင်း ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။