images
UN
UN
မှုခင်းအသိပညာပေး ဟောပြောပွဲကျင်းပ
ဘိုဘို(မလှိုင်) Wednesday, 09 January 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့မရဲစခန်းမှ မှုခင်းအသိပညာ ပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဝမ်းတွင်းမြို့နယ် ညောင်ပင် သာ ကျေးရွာအုပ်စု ဆည်ရွာကျေးရွာရှိ ရွာလယ်ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းပြုလုပ်ကြသည်။
အဆိုပါဟောပြောပွဲတွင် ဝမ်းတွင်း မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းလွင် က မူးယစ်ဆေးဝါးများနှင့်ပတ်သက်သော ဆိုးကျိုးများ ပြစ်မှုပြစ်ဒဏ်များအား အသိ ပညာပေးဟောပြောခြင်း၊ နယ်ထိန်း ခေါင်း ဆောင်ဒုရဲအုပ် ဇေယျာမိုးမြင့်က မူးယစ် ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း မပြု လုပ်ရန်နှင့် ရောင်းဝယ်သုံးစွဲခြင်းများ ပြုလုပ်နေခြင်းများအား သတင်းပေးတိုင် ကြားရန် ဟောပြောအသိပညာပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲသို့ ဆည် ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများ၊ ကျောင်းဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ စုစု ပေါင်းအင်အား ၁ဝဝ ဝန်းကျင်တက် ရောက်ခဲ့သည်။