images
UN
UN
မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
စိုးကျော်သူထွေး(မတ္တရာ) Wednesday, 09 January 2019
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာနယ်မြေရဲစခန်းမှ ရဲအုပ် လှနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် ညောင်အုပ်ကျေးရွာအုပ်စု ပွဲကုန်း ကျေးရွာနှင့် စကျင်ကျေးရွာ၌ ယမန်နေ့နှင့် ယနေ့တို့တွင် မှုခင်းကျဆင်း ရေး အသိပညာပေးဟောပြောပွဲများကို အဆိုပါကျေးရွာများရှိ ဓမ္မာရုံများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲများတွင် ရေနံ့သာနယ်မြေစခန်းမှူး ရဲအုပ် လှနိုင်က သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့နှင့်ပတ်သက်ပြီး ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာမှရပ်မိရပ်ဖများ၊ ကျေးရွာသူရွာသား စုစု ပေါင်းအင်အား ၂ဝ၆ ဦး တက်ရောက်ခဲ့ကြသည်။