images
UN
UN
သားငါးဆိုင်များနှင့်ကုန်စုံဆိုင်များအားစစ်ဆေးပညာပေး
Thursday, 10 January 2019
မကွေးတိုင်းဒေသကြီး သရက် ခရိုင် အောင်လံမြို့၌ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ သည် မြို့မဈေးကြီးအတွင်းရှိ သား ငါးဆိုင်များနှင့် ကန်ကြီးရပ်ကွက် အတွင်းရှိ ကုန်စုံဆိုင်နှစ်ဆိုင်တို့အား စစ်ဆေးခြင်းနှင့်ပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီခွဲမှတင်၍ ဆောင်ရွက်ခဲ့ရာ ကုန်စုံဆိုင်နှစ်ဆိုင်မှ သက်တမ်း လွန် အချိုရည် ၄၂ ဘူးကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။ ယင်း ဆောင်ရွက်မှုတွင် စားသုံးသူရေး ရာ၊ စည်ပင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့်အတူ ခရိုင်အငြင်းပွားမှု အဖွဲ့ဝင်နှင့် ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ပါဝင်ပူး ပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။