images
UN
UN
ပန်းတနော်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး
အေးချမ်းအောင်(ပန်းတနော်) Thursday, 10 January 2019

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် ပန်းတနော်မြို့နယ်တွင် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်း ရှင်းစေရန်ရည်ရွယ်၍ မော်တော် ဆိုင်ကယ်မောင်းနှင်သူများ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ မ.စ.က နှင့်စည်ပင်အဖွဲ့ ဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ သည်။
အဆိုပါပူးပေါင်းအဖွဲ့များသည် ခရီးသည်များဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး၊ မော်တော်ယာဉ် များစည်းကမ်းတကျ မောင်းနှင်နိုင် ရေးဆိုင်ကယ်စီးဦးထုပ်များဆောင်း ၍သွားလာကြရန် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။