images
UN
UN
မိတ်ကပ်ပညာရှင်များအဓိကပါဝင်တဲ့ ကျားကျားကြိုက်ကြိုက်
ဒဂုံဝေလင်း Thursday, 10 January 2019
'' ကျားကျားကြိုက်ကြိုက်'' ရုပ်ရှင် ဇာတ်ကားကို Myanmar Media 7ထုတ်လုပ်ရေးမှ ပထမဆုံး LGBT များကို အဓိကထားရိုက်ကူးသွားမည်ဟုသိရသည်။
အဆိုပါဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးမည်ဖြစ်ပြီး သရုပ် ဆောင်များအဖြစ် မင်းမော်ကွန်း၊ မြင့်မြတ်၊ မိတ်ကပ်ခင်စန်းဝင်း၊ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)၊မိတ်ကပ်လင်းလင်း (တော် ဝင်သူ)၊ မိတ်ကပ်ထက်ထက်တို့ အဓိက ပါဝင်ထားပြီး တက္ကသိုလ်ဂွမ်းပုံ၊ အုန်းသီး၊K ညီ၊ ချက်ကြီး နှင့် အနုပညာရှင်များ စွာပါဝင်ထားကြောင်းသိရသည်။
မိတ်ကပ်ညီညီမောင်(စမ်းချောင်း)သုသု
ရန်ကုန်မှာ စရိုက်တုန်းကတော့ စိတ် လှုပ်ရှားတာပေါ့။ ဒါပေမဲ့ ကိုပြည်ဟိန်း သီဟက သေချာသရုပ်ဆောင်တာကို သင် ပေးတာမို့ အခက်အခဲမရှိ လုပ်နိုင်ခဲ့ပါ တယ်''
မိတ်ကပ်လင်းလင်း(တော်ဝင်သူ)
အရင်ကဆို အပြင်မှာ ကိုယ်ကသွက် လက်နေသူတစ်ယောက် ဖြစ်နေပေမယ့် တကယ်ကင်မရာရှေ့လည်း ရောက်ရော မျက်နှာသေကြီးဖြစ်သွားတာမျိုးတွေတော့ ရှိခဲ့တယ်။ ဘာပြောပြော အားလုံးကိုကျေး ဇူးတင်ပါတယ်။ အခုလိုမျိုး LGBT တွေ ကို အခွင့်အရေးတစ်ခုပေးတယ်လို့လည်း ထင်ပါတယ်''