images
UN
UN
နာရေးအိမ်တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွား
ကိုစိုးကြီး Thursday, 10 January 2019
ရေနံချောင်းမြို့ ရွာသစ်ရပ် ကွက် နဂါးကုန်းရပ်၌ အသုဘ စောင့်ရင်း အရက်အတူသောက်ရာ မှ စကားများရန်ဖြစ်ပြီး ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁ နာရီခန့်က ရွာသစ်နဂါးကုန်းရပ် နာရေးအိမ်တွင် အသုဘစောင့်ရင်း အရက်သေစာအတူသောက်စားမူး ယစ်ကာ တစ်ယောက်တစ်ခွန်းစကား များရာမှ ကိုတင်သိန်း (၄၃ နှစ်) ရွာသစ် နဂါးကုန်းရပ်နေသူအား ကိုညိုလင်း (၃၈ နှစ်) ရွာသစ်အေး စေတီရပ်နေသူက အရိုးအသွား (စိစစ်ဆဲ)ဓားဖြင့်ထိုးပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ သတင်း အရ မြို့မရဲစခန်းမှ တာဝန်ရှိသူ များက အခင်းဖြစ်နေရာသို့သွား ရောက်စစ်ဆေးရာ ကိုတင်သိန်း၏ ဝဲဘက်ခါးအထက်ထိုးသွင်းဒဏ်ရာ တစ်ချက် (စိုးရိမ်ရ) ဒဏ်ရာ များဖြင့်တွေ့ရှိရပြီး ရဲဆေးစာဖြင့် ရေနံချောင်း ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် မကွေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မအေး အေးဝင်းက ၄င်း၏ခင်ပွန်းဖြစ်သူ အား ဓားဖြင့်ထိုးပြီးထွက်ပြေးတိမ်း ရှောင်နေသော ကိုညိုလင်းအား အရေးယူပေးပါရန် တရားလိုပြု လုပ်တိုင်တန်းသဖြင့် ရေနံချောင်း မြို့ မြို့မရဲစခန်းမှ (ပ) ၃/၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။