images
UN
UN
တရားမဝင်ကျွန်းခွဲသားခြောက်တန်ကျော် တင်ဆောင်လာသောယာဉ်တစ်စီးဖမ်းဆီးရမိ
နိုင်လင်း(လှည်းကူး) Thursday, 10 January 2019

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်း ကူးမြို့နယ်တွင် တရားမဝင်ကျွန်း ခွဲသားများ ခြောက်တန်ကျော်တင် ဆောင်လာသူနှစ်ဦးအား သစ်တော ဥပဒေပုဒ်မ-၄၃(က)အရတိုင်တန်း မှုဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က မြောက် ပိုင်းခရိုင်သစ်တောဦးစီးဌာနမှAD ဦးဆောင်၍ မြို့နယ်သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစည်သူလင်း နှင့်သစ်တောဝန်ထမ်းရှစ်ဦး၊ သစ် တောလုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဝင်းခိုင်ပါလေးဦး၊ စုစုပေါင်း ၁၃ ဦးပါဝင်သော ပူးပေါင်းအဖွဲ့ သည် တရားမဝင်သစ် ဖမ်းဆီးရေး ဆောင်ရွက်နေစဉ် အမှတ်(၃)လမ်း ဆုံဘက်မှ အမှတ်(၇)လမ်းအတိုင်း မသင်္ကာဖွယ်မောင်းနှင်လာသော 5M/----Hino (၁၂)ဘီး အစိမ်း ရောင်ယာဉ်ကို တားဆီးစစ်ဆေး ရှာဖွေမှုပြုလုပ်ခဲ့ရာ ယာဉ်ပေါ်မှ ပုလင်းအခွံထည့်ထားသောပီနံအိတ် များဖြင့် ဖုံးအုပ်သယ်ဆောင်လာ သော တရားမဝင် ကျွန်းခွဲသားများ ကို တွေ့ရှိရသဖြင့် မြို့မပျိုးဥယျာဉ် တွင် သယ်ဆောင်၍ ချတိုင်းစစ် ဆေးရာ တရားမဝင် ကျွန်းခွဲသား ၈၅၆ချောင်း၊ ၆ ဒသမ ၈၃၈ တန်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ နှင့်အတူရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်၊ သစ်ပိုင်ရှင်နှင့် ဆက် စပ်တရားခံများအား သစ်တော ဥပဒေပုဒ်မ-၄၃(က)ဖြင့် အရေးယူ ပေးရန် တိုင်တန်းထားသဖြင့် လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။