images
UN
UN
ရေနံချောင်းမြို့၌ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ရွှေဆူး Thursday, 10 January 2019
မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့ မြို့မတောင်ရပ်ကွက် အောင်သပြေရပ်၌ အသက် (၅၆ နှစ်)အရွယ် အမျိုးသားတစ်ဦး နေအိမ်ဝါးထုပ်တန်း၌ ကြိုးဆွဲချ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ယမန်နေ့နံနက် ၁၁ နာရီခန့်က ရေနံချောင်းမြို့ မြို့မ တောင်ရပ်ကွက် အောင်သပြေရပ်ရှိ ဦးအောင်ကျော်ထွန်းသည် မိမိအိမ် တွင်ငှားရမ်းနေထိုင်သော ဦးစိန် ထွန်းအောင်(၅၆နှစ်)မှာ နေအိမ် ဝါးထုပ်တန်း၌ နိုင်လွန်ကြိုးကို ကြိုးကွင်းပြုလုပ်၍ ကြိုးဆွဲချ သေဆုံးလျက်တွေ့ရှိရသဖြင့် မြို့မ တောင်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မြို့မရဲစခန်းသို့ အကြောင်းကြား ခဲ့ရာ ရေနံချောင်းမြို့ မြို့နယ်ရဲမှူး ဇော်မင်းနှင့် မြို့မရဲစခန်းမှတာဝန်ရှိ သူများက အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်မဟုတ် စစ်ဆေးပြီး ရဲ ဆေးစာဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
''ဘယ်အချိန်ကသေနေလဲ တော့မသိပါဘူး။ အိမ်ပိုင်ရှင်လာမှ သိရတာ။ သူကမယားငယ်နဲ့ အိမ်ငှားနေတာ။ ပြီးခဲ့တဲ့ နှစ်လခန့် ကမှ မယားငယ်က နောက်အိမ် ထောင်ပြုသွားတယ်လို့သိရတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတာ တော့တာဝန်ရှိသူတွေ စစ်ဆေးနေ ပါတယ်''ဟု အဆိုပါရပ်ကွက်နေ သူတစ်ဦးက ပြောသည်။