images
UN
UN
သံဖြူဇရပ်မြို့ တွင် တက္ကစီယာဉ်မောင်းများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြော
နိုင်နိုင်(မွန်) Thursday, 10 January 2019

မွန်ပြည်နယ် သံဖြူဇရပ်မြို့ မော်တော်ယာဉ်များ ကြီးကြပ်ထိန်းသိမ်းရေးရုံး၌ သံဖြူဇရပ် မြို့မရဲစခန်း မှူး ရဲမှူးဇော်မင်းဦး ဦးစီးရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ် လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအဖွဲ့မှူး တို့သည် ယမန်နေ့ မွန်းလွဲ ၁နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာရမည့်အချက် များအား ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။
ယင်းဆွေးနွေးဟောပြောပွဲသို့ ဆိုင်ကယ်တက္ကစီ အသင်းပေါင်းစုံမှ တက္ကစီသမား ၆၅ဦးတက်ရောက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာ ပေး လက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့သည်။