images
UN
UN
ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါအကြောင်း အသိပညာပေးဟောပြော
ဖြိုးဝေလင်း(ကျောက်ဖြူ) Thursday, 10 January 2019

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် ကျောက်ဖြူလူမှုဝန်ထမ်း မူကြိုကျောင်း အစည်းအဝေးခန်းမ ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရေချိုခရုမှတစ်ဆင့် ကူးစက်တတ် သော သန်ပြားကောင်ရောဂါ အကြောင်း အသိပညာပေးဟော ပြောပွဲကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းမူကြို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ များ၊ ကျောင်းသားကျောင်းသူများ ၏ မိဘများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက် ရောက်လာကြသူများအားကျောက် ဖြူခရိုင် ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့မှ လက် ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး ခဲ့ပြီး လ/ထဆေးရုံအုပ် ဒေါက်တာ နီနီဝင်းက ရေချိုခရုမှတစ်ဆင့် ကူး စက်တတ်သော သန်ပြားကောင် ရောဂါအကြောင်းကို ပရိုဂျက်တာ ဖြင့် ရှင်းလင်းပြောကြားရာတွင် သန်ပြားကောင်ရောဂါကို ရခိုင် ပြည်နယ်အတွင်း ၂ဝ၁၆ ခုနှစ်တွင် တစ်ဦး၊၂ဝ၁၇ ခုနှစ်တွင် ၄၄ ဦး၊ ၂ဝ၁၈ ခုနှစ် နှစ်ကုန်အထိ ၄၇၈ဦး စုစုပေါင်း ၅၂၃ ဦး ကူးစက်ရောဂါ ဖြစ်ပွားခဲ့ပါကြောင်း၊ ရောဂါ လက္ခဏာများမှာ အရေပြားယားယံ ခြင်း၊ အင်ပျဉ်ထခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်း လျှောခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးအိမ် ကင်ဆာဖြစ်ပွားသည်အထိ ဖြစ်ပွား နိုင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ သွေး အန်ခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း၊ ထို့ကြောင့် ယင်လုံအိမ်သာ အသုံး ပြုခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ကို ဂရုပြုဆောင်ရွက်ခြင်း၊ မသန့် ရှင်းသောရေနှင့် ထိတွေ့မှုကို ရှောင် ကြဉ်ခြင်း၊ ရေကောင်းရေသန့်ကို သာ အသုံးပြုသင့်ကြောင်း ပြော ကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲကို တက် ရောက်လာကြသော ကျောင်းသား ကျောင်းသူများ၏ မိဘများက သိရှိလိုသည်များကို မေးမြန်းခဲ့ ကြကာ သိရှိလိုသည်များကို ဒေါက်တာနီနီဝင်းနှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက ပြန် လည်ဖြေကြားခဲ့သည်။