images
UN
UN
တနင်္သာရီတွင် မူးယစ်ဆေးဖမ်းမိမှု ယခင်နှစ်ထက် အမှုနှစ်ရာကျော်တိုးလာ
Dawei Watch Thursday, 10 January 2019
တနင်္သာရီတိုင်းဒေသကြီးအတွင်း၂ဝ၁၈ ခုနှစ်တွင် ဖမ်းမိသည့် မူးယစ်ဆေးအမှု အရေအတွက်မှာ ယခင်နှစ်ထက် အမှုပေါင်း နှစ်ရာကျော် ပိုများလာကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
၂ဝ၁၇ ခုနှစ်တွင် မူးယစ်ဆေးအမှု ၆၁၃ မှု ဖမ်းမိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ၈၃၅ မှုအထိ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖမ်းမိသည့်အမှုအရေအတွက် တိုးလာခြင်းမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုများလာပြီး သတင်းပေးမှုများ များပြားလာသည့်အတွက် တိုးလာခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ဝင်းက ပြောသည်။
''ပြည်သူတွေ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပြီး သတင်းပေးစေ ချင်တယ်''ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။
၂ဝ၁၈ ခုနှစ်အတွင်း ထားဝယ်ခရိုင်တွင် ၁၇၆ မှု၊ မြိတ်ခရိုင် တွင် ၄၂၃ မှုနှင့် ကော့သောင်းခရိုင်တွင် ၂၃၆ မှု ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိမှုများမWY စိတ်ကြွဆေးပြားခြောက်သိန်း နှစ်သောင်းကျော်နှင့် ICE သုံးကီ လိုဂရမ်ကျော်အပြင် အခြားမူးယစ် ဆေးများလည်း ဖမ်းမိခဲ့ပြီး မူးယစ်တရားခံ စုစုပေါင်း ၁၂၁၂ဦးကို ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။
ဖမ်းမိသည့် မူးယစ်ဆေးအမှုများထဲတွင် WY စိတ်ကြွဆေး ဖမ်းမိမှုက အများဆုံးဖြစ်ပြီး အမှုပေါင်း ၆၇ဝ အထိ ရှိသည်။